လမ်းပတ်ကို ချယ်လ်ဆီးအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်

ဒါဘီနည်းပြ လမ်းပတ်ဟာ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း ချဲလ်ဆီးနည်းပြအဖြစ် တရားဝင်ခန့်အပ် ခံလိုက်ရဖြစ်ပါတယ်။ လမ်းပတ်ကို ချဲလ်ဆီးနည်းပြအဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၄ သန်း ရရှိမှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ ကစားသမားအဖြစ်နဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် စံချိန်တင်ယူထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ် ဖလားတွေကို ရယူနိုင်ခဲ့တဲ့ လမ်းပတ်ကတော့ အသင်းဟောင်းကို နည်းပြအဖြစ်နဲ့ ပြန်လာခွင့် ရသွားတဲ့အပေါ်မှာ ပျော်ရွှင်ဝမ်းမြောက်နေပါတယ်။ အသင်းဟောင်းကို နည်ပြအဖြစ် ပြန်လာနိုင်ခဲ့တာကိုလည်း ဂုဏ်ယူမိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသင်းနဲ့အတူ ရာသီစတင်ဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေပြီး၊ အသင်းအောင်မြင်မှု ရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

-Ref:Skysports