One Championship နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ ေအာင္လအန္ဆန္

ဇန္နဝါရီ ၂၉

ျမန္မာ့စပါးအုံး ေအာင္လအန္ဆန္က One Championship နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အသက္၃၈ႏွစ္ရွိ ေအာင္လအန္ဆန္ဟာ One Championship တြင္ သူ႔၏ ခ်န္ပီယံခါးပတ္ကို ျပန္လည္ရရွိဖို႔ စိတ္အားထက္သန္ေနၿပီး Middle Weigh တန္း ကမၻာ့ခ်န္ပီယံခါးပတ္ကို ျပန္လည္စိန္ေခၚခြင့္ရရန္ႀကိဳးစားေနပါတယ္။

“One Championship ဟာ ကၽြန္ေတာ္ရဲ့ MMA ခရီးလမ္းကို စတင္ ေလၽွာက္လွမ္းခဲ့တဲ့ ေနရာျဖစ္ၿပီး ကၽြန္ေတာ္ရဲ့ ၿပီးဆုံးမယ့္ ပန္းတိုင္ေနရာလည္းျဖစ္ပါတယ္၊ ကၽြန္ေတာ္ရဲ့ ေရႊခါးပတ္ ျပန္လည္ ဆြတ္ခူးနိုင္ဖို႔အတြက္ ကၽြန္ေတာ္ အဆင္သင့္ပဲဗ်ာ၊ ဘုရားသခင္ရဲ့ လမ္းညႊန္မႈ၊ ဉာဏ္ပညာနဲ႔ စိတ္ရွည္မႈအတြက္ အျမဲေက်းဇူးတင္ပါတယ္” ဟု လူမႈန္ကြန္ရက္တြင္ ေရးသားပါတယ္။

ေအာင္လအန္ဆန္ဟာ One Championship တြင္ သူ႔၏ ကမၻာ့ခ်န္ပီယံခါးပတ္မ်ားလက္လြတ္ခဲ့ရၿပီးေနာက္ ၅ ပြဲ ယွဥ္ၿပိဳင္ရာတြင္ ၁ ပြဲရႈံးနိမ့္ထားၿပီး ၄ ပြဲအနိုင္ရရွိထားပါတယ္။

===========

One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ အောင်လအန်ဆန်

ဇန်နဝါရီ ၂၉

မြန်မာ့စပါးအုံး အောင်လအန်ဆန်က One Championship နဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အသက်၃၈နှစ်ရှိ အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေပြီး Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန်ကြိုးစားနေပါတယ်။

“One Championship ဟာ ကျွန်တော်ရဲ့ MMA ခရီးလမ်းကို စတင် လျှောက်လှမ်းခဲ့တဲ့ နေရာဖြစ်ပြီး ကျွန်တော်ရဲ့ ပြီးဆုံးမယ့် ပန်းတိုင်နေရာလည်းဖြစ်ပါတယ်၊ ကျွန်တော်ရဲ့ ရွှေခါးပတ် ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက် ကျွန်တော် အဆင်သင့်ပဲဗျာ၊ ဘုရားသခင်ရဲ့ လမ်းညွှန်မှု၊ ဉာဏ်ပညာနဲ့ စိတ်ရှည်မှုအတွက် အမြဲကျေးဇူးတင်ပါတယ်” ဟု လူမှုန်ကွန်ရက်တွင် ရေးသားပါတယ်။

အောင်လအန်ဆန်ဟာ One Championship တွင် သူ့၏ ကမ္ဘာ့ချန်ပီယံခါးပတ်များလက်လွတ်ခဲ့ရပြီးနောက် ၅ ပွဲ ယှဉ်ပြိုင်ရာတွင် ၁ ပွဲရှုံးနိမ့်ထားပြီး ၄ ပွဲအနိုင်ရရှိထားပါတယ်။