အာရှတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကာတာနောက်ခံလူရရှိ

အာရှဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် အာရှတစ်နှစ်တာ အကောင်းဆုံးကစားသမားအချို့ကို ကာတာ လက်ရွေး စင်အသင်း၏ နောက်ခံလူ အက်ဘ်ဒ်လ်ကာရင်ဟက်ဆန်က ရရှိခဲ့ကြောင် အေပီ သတင်းဌာနက ဖော်ပြသည်။

ဘယ်နောက်ခံလူတစ်ဦးဖြစ်သော အက်ဘ်ဒဲလ်ကာရင်ဟက်ဆန် သည် ပြီးခဲ့သည့်ဘောလုံးရာသီက မိခင်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးခြေစွမ်းမျိုးဖြင့် ကစားပေးနိုင်ခဲ့သည့်အပြင် မိခင်ကလပ်ဖြစ်သော အယ်လ်ဆတ်အသင်း အာရှချန်ပီယံလိဂ်ပွဲ ဆီမီးဖိုင်နယ်ရောက်စေရန်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။

-Ref: AP