ဘောလုံးနှင့် ပရဟိတလုပ်ဆောင်မှုကြောင့် လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာ MBE ဘွဲ့ ချီးမြှင့်ခံရ

လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ ဘောလုံးနဲ့ ပရဟိတလုပ်ဆောင်မှုတွေကြောင့် ဗြိတိန်ဘုရင် ကချီးမြှင့်တဲ့လူမှုထူးချွန်းဆုတစ်ခုဖြစ်တဲ့ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။

အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဗြိတိန်မင်းသားဝီလီယံက ဆုတံဆိပ်ချီးမြှင့်ပေးတာကို ဂျိမ်းစ်မီလ်နာက တက်ရောက်ရယူခဲ့တာပါ။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကို မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ ရယူနိုင်ခဲ့သူပါ။

ပြည်တွင်းဆုဖလားအားလုံးရယူခဲ့ဖူးသလို လီဗာပူးနဲ့အတူ ဥရောပချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆု ဖလားတွေလည်းရယူနိုင်ခဲ့ပါတယ်။

တချိန်က မန်စီးတီးအသင်းမှာ ပွဲပေါင် ၃၅၇ ပွဲ ကစားခဲ့တဲ့ မိုက် ဆမ်မာဘီးဟာလည်း OBE ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဘောလုံးသမားတွေထဲမှာ MBE ဘွဲ့ရရှိသူတွေ အများအပြားရှိပြီး ဂျရတ်၊ အီယန်ရိုက်တို့အပြင် လက်ရှိကစားသမား တွေထဲမှာတော့ ဟယ်ရီကိန်းနဲ့ ရက်ရှ်ဖို့ဒ်တို့လည်း ရရှိထားပါတယ်။