မက္ဂြိဳင္းရားရဲ့အနိုင္ဂိုး၊ အိုနာနာရဲ့ ပင္နယ္တီကာကြယ္မႈနဲ႔ အနိုင္ရရွိသြားတဲ့ မန္ယူ

ေအာက္တိုဘာ ၂၅

ယေန႔နံနက္အေစာပိုင္းက ကစားခဲ့တဲ့ မန္ယူနဲ႔ ကိုပင္ေဟဂင္တို႔ရဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ မန္ယူအသင္းမွ မက္ဂြိဳင္းရားရဲ့ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ အနိုင္ရရွိခဲ့ပါတယ္။ ဒီနိုင္ပြဲေၾကာင့္ မန္ယူအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပထမဆုံး နိုင္ပြဲကို ရရွိခဲ့ပါတယ္။

မန္ယူဂိုးသမား အိုနာနာ ကလည္း ကိုပင္ေဟဂင္ကို အနိုင္ရတဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲမွာ အေရးပါတဲ့ ပယ္နယ္တီကာကြယ္မႈျပဳလုပ္ခဲ့ၿပီး သူ႔ရဲ့ မယုံနိုင္ေလာက္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ အဖိုးတန္ ၃ မွတ္ရရွိခဲ့တာျဖစ္ပါတယ္။

မန္ယူအသင္းအတြက္ အနိုင္ဂိုးကို ၇၂ မိနစ္မွာ အဲရစ္ဆင္ ကန္တင္ေပးတာကေန မက္ဂြိဳင္းယားက ေခါင္းတိုက္သြင္းယူခဲ့ၿပီး မန္ယူ ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာအေကာင္းဆုံး အခိုက္အတန႔္က ပြဲၿပီးခါနီးမိနစ္ပိုင္းအလိုမွာ ေပၚေပါက္ခဲ့ပါတယ္။

ပယ္နယ္တီဧရိယာအတြင္း တြမ္မီေနးရဲ့ ေဘာလုံးဖ်က္ထုတ္မႈအမွားေၾကာင့္ မန္ယူအသင္း ပယ္နယ္တီေပးခဲ့ရၿပီး ကိုပင္ေဟဂင္တိုက္စစ္မႉးေဂ်ာ္ဒန္လာဆင္ ကန္သြင္းခဲ့ေပမယ့္ အိုနာနာက လက္စြမ္းျပပုတ္ထုတ္ကာကြယ္နိုင္ခဲ့မႈေၾကာင့္ အနိုင္ရရွိခဲ့ပါတယ္။

========================

မက်ဂွိုင်းရားရဲ့အနိုင်ဂိုး၊ အိုနာနာရဲ့ ပင်နယ်တီကာကွယ်မှုနဲ့ အနိုင်ရရှိသွားတဲ့ မန်ယူ

အောက်တိုဘာ ၂၅

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ မန်ယူနဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းမှ မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ်။

မန်ယူဂိုးသမား အိုနာနာ ကလည်း ကိုပင်ဟေဂင်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အရေးပါတဲ့ ပယ်နယ်တီကာကွယ်မှုပြုလုပ်ခဲ့ပြီး သူ့ရဲ့ မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကြောင့် အဖိုးတန် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းအတွက် အနိုင်ဂိုးကို ၇၂ မိနစ်မှာ အဲရစ်ဆင် ကန်တင်ပေးတာကနေ မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းယူခဲ့ပြီး မန်ယူ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်က ပွဲပြီးခါနီးမိနစ်ပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့ပါတယ်။

ပယ်နယ်တီဧရိယာအတွင်း တွမ်မီနေးရဲ့ ဘောလုံးဖျက်ထုတ်မှုအမှားကြောင့် မန်ယူအသင်း ပယ်နယ်တီပေးခဲ့ရပြီး ကိုပင်ဟေဂင်တိုက်စစ်မှူးဂျော်ဒန်လာဆင် ကန်သွင်းခဲ့ပေမယ့် အိုနာနာက လက်စွမ်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့မှုကြောင့် အနိုင်ရရှိခဲ့ပါတယ်။