Race One မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲတွင် ဂျွန်နသန်ရေး ချန်ပီယံဆု ရရှိ

ကာတာနိုင်ငံ  လိုဆန်အီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ Race One မော်တော်ဆိုင်ကယ်စီး ပြိုင်ပွဲမှာ ဂျွန်နသန်ရေးက ဒေါက်ပိုလန်ရဲ့ ၁၉၉၁ ခုနှစ် စံချိန်နဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ဗြိတိန်နိုင်ငံသား အသက် ၃၁ နှစ်  ဂျွန်နသန်ရေးဟာ အခုအောင်ပွဲနဲ့ဆိုရင် ၁၁ ကြိမ်မြောက် ဆက်တိုက်နိုင်ပွဲ ဆက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲမှာ ၄ ကြိမ်ဆက်တိုက် အနိုင်ရထားသူ ဂျွန်နသန်ရေးဟာ ရာသီတခုအတွင်း ၁၈ ပွဲ အနိုင်ရရေး စံချိန်တင်ဖို့ အခွင့်ရေးရထားပါတယ်။

ရေးရဲ့ အသင်းဝင် တွမ်ဆိုက်စ်ကတော့ ၁.၄၂ စက္ကန့်နောက်ကျပြီး ဒုတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ နောက်ဗြိတိန်ဆိုင်ကယ်စီးသမားတဦးဖြစ်တဲ့ အဲလက်စ် ရိုးကတော့ တတိယနေရာ ရရှိခဲ့တယ်လို ရိုက်တာ သတင်းအရ သိရပါတယ်။

DVB