ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ အလုပ္သမားေရးရာတာဝန္ခံ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႈး ဦးေမာင္ျမင့္ သန္လ်င္ခရိုင္ ပါတီတာ၀န္ရွိသူမ်ားႏွင့္ေတြ႕ဆုံ

သန္လ်င္ ေအာက္တိုဘာ ၂၄

ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ့ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ အလုပ္သမားေရးရာတာဝန္ခံ ရန္ကုန္တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႈး ဦးေမာင္ျမင့္သည္ (၂၄.၁၀.၂၀၂၃ ) ရက္ေန႔ နံနက္ (၀၉၀၀)နာရီ အခ်ိန္က သန္လ်င္ခရိုင္ ပါတီ႐ုံးတြင္ သန္လ်င္ခရိုင္ၿမိဳ႕နယ္အတြင္းရွိ ပါတီတာ၀န္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။
အစီအစဥ္အရ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္မွ အမွာစကားေျပာၾကားရာတြင္ လက္ရွိနိုင္ငံေရးအ‌ေျခအေနမ်ား၊ေရြးေကာက္ပြဲဆိုင္ရာ အေတြ႕အၾကဳံျဖစ္စဥ္သမိုင္းမ်ား၊ပါတီမွေဆာင္ရြက္ေနေသာ ေရွ႕ဆက္လုပ္ေဆာင္ရမည့္လုပ္ငန္းစဥ္မ်ားကိုေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ သန္လ်င္ခရိုင္ ပါတီဥကၠဌ ဦးနိုင္၀င္းက ခရိုင္ေကာ္မတီဝင္မ်ားျဖင့္ မိတ္ဆက္ၿပီးေနာက္ မိမိတို႔ေဒသရွိ အခ်ိဳ႕နယ္ေျမေတြမွာ လုံျခဳံ‌ေရးအရ သြားလို႔မရသျဖင့္ viber group ျဖင့္သာ ဆက္သြယ္ေဆာင္ရြက္ေနရပါေၾကာင္း၊ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္အျဖစ္ခရိုင္ၿမိဳ႕နယ္မ်ားဖြဲ႕စည္း၍ ေဆာင္ရြက္ေနပါေၾကာင္း စသည္ျဖင့္ တင္ျပေဆြးေႏြးခဲ့ပါသည္။
ဆက္လက္၍ သန္လ်င္ၿမိဳ႕နယ္ပါတီဥကၠဌ ဦးရန္မ်ိဳးေအာင္က ေဆြးေႏြးတင္ျပရာတြင္ သန္လ်င္ၿမိဳ႕နယ္ဟာ အဓိကအားျဖင့္ တပ္နယ္မ်ားသည့္ၿမိဳ႕နယ္ျဖစ္ပါေၾကာင္း၊ ရက္( ၉၀) စီမံခ်က္၊ ျပည့္မ႑ိဳင္လုပ္ငန္းစဥ္မ်ားဆက္လက္လုပ္ေဆာင္ေနပါေၾကာင္း၊ ဦးတည္အုပ္စုအေနနဲ႔လူငယ္၊အမ်ိဳးသမီး၊အလုပ္သမား၊လယ္သမား မ်ားကိုဦးတည္စည္း႐ုံးေနပါေၾကာင္းေဆြးေႏြးတင္ျပခဲ့ပါသည္။
ဆက္လက္ၿပီး ေက်ာက္တန္းၿမိဳ႕နယ္ပါတီဥကၠဌ ဦးမ်ိဳးျမင့္၊ သုံးခြၿမိဳ႕နယ္ ပါတီဥကၠဌ ေဒၚခင္ျမတ္စု၊ ခရမ္းၿမိဳ႕နယ္ပါတီဥကၠဌ ဦး၀င္းေဆြတို႔ က ၿမိဳ႕နယ္ဆိုင္ရာ အခ်က္အလက္မ်ား၊ နယ္ေျမကြင္းဆင္း လႈပ္ရွားမႈအေျခအေနမ်ားႏွင့္ ေျမျပင္အခက္အခဲမ်ားကို တင္ျပေဆြးေႏြးၾကပါသည္။
တက္ေရာက္လာသူမ်ားက ေမးျမန္းမႈမ်ားကို ရန္ကုန္ တိုင္းေပါင္းစပ္ညႇိႏွိုင္းေရးမႈးက ေပါင္းစပ္ညႇိႏွိုင္း ေဆာင္ရြက္ေပးခဲ့ၿပီး မြန္းတည့္ (၁၂၀၀) နာရီအခ်ိန္၌ ေတြ႕ဆုံပြဲအခမ္းအနား ၿပီးဆုံးခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ အလုပ္သမားေရးရာတာ၀န္ခံ ဗဟိုအလုပ္အမႈေဆာင္ ရန္ကုန္တိုင္း ေပါင္းစပ္ညႇိႏွိုင္းေရးမႈး ဦးေမာင္ျမင့္၊ဗဟိုေကာ္မတီ၀င္ ရန္ကုန္တိုင္းပါတီဘ႑ာေရးမႈး ေဒၚေအးမင္းမိုး၊ တိုင္းပါတီေကာ္မတီဝင္ ဦးေနဝင္း၊ သန္လ်င္ခရိုင္ပါတီဥကၠဌ ဦးနိုင္၀င္းႏွင့္ခရိုင္ေကာ္မတီ၀င္မ်ား၊ သန္လ်င္ ၿမိဳ႕နယ္ပါတီဥကဌ ဦးရန္မ်ိဳးေအာင္၊ေက်ာက္တန္းၿမိဳ႕နယ္ပါတီဥကၠဌဦးမ်ိဳးျမင့္၊သုံးခြၿမိဳ႕နယ္ပါတီဥကၠဌေဒၚခင္ျမတ္စု၊ ခရမ္းၿမိဳ႕နယ္ပါတီဥကၠဌ ဦး၀င္းေဆြ ၊ၿမိဳ႕နယ္မ်ားမွ ၿမိဳ႕နယ္ေကာ္မတီ၀င္မ်ား၊အမာခံပါတီ၀င္မ်ား အင္အား (၉၀) ခန္႔ဦး တက္ေရာက္ခဲ့ၾကပါသည္။

===========================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံ ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှုး ဦးမောင်မြင့် သန်လျင်ခရိုင် ပါတီတာ၀န်ရှိသူများနှင့်တွေ့ဆုံ

သန်လျင် အောက်တိုဘာ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အလုပ်သမားရေးရာတာဝန်ခံ ရန်ကုန်တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှုး ဦးမောင်မြင့်သည် (၂၄.၁၀.၂၀၂၃ ) ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန်က သန်လျင်ခရိုင် ပါတီရုံးတွင် သန်လျင်ခရိုင်မြို့နယ်အတွင်းရှိ ပါတီတာ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ အမှာစကားပြောကြားရာတွင် လက်ရှိနိုင်ငံရေးအ‌ခြေအနေများ၊ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံဖြစ်စဉ်သမိုင်းများ၊ပါတီမှဆောင်ရွက်နေသော ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုပြောကြားခဲ့ပါသည်။
ထို့နောက် သန်လျင်ခရိုင် ပါတီဥက္ကဌ ဦးနိုင်၀င်းက ခရိုင်ကော်မတီဝင်များဖြင့် မိတ်ဆက်ပြီးနောက် မိမိတို့ဒေသရှိ အချို့နယ်မြေတွေမှာ လုံခြုံ‌ရေးအရ သွားလို့မရသဖြင့် viber group ဖြင့်သာ ဆက်သွယ်ဆောင်ရွက်နေရပါကြောင်း၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်အဖြစ်ခရိုင်မြို့နယ်များဖွဲ့စည်း၍ ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သန်လျင်မြို့နယ်ပါတီဥက္ကဌ ဦးရန်မျိုးအောင်က ဆွေးနွေးတင်ပြရာတွင် သန်လျင်မြို့နယ်ဟာ အဓိကအားဖြင့် တပ်နယ်များသည့်မြို့နယ်ဖြစ်ပါကြောင်း၊ ရက်( ၉၀) စီမံချက်၊ ပြည့်မဏ္ဍိုင်လုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်နေပါကြောင်း၊ ဦးတည်အုပ်စုအနေနဲ့လူငယ်၊အမျိုးသမီး၊အလုပ်သမား၊လယ်သမား များကိုဦးတည်စည်းရုံးနေပါကြောင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး ကျောက်တန်းမြို့နယ်ပါတီဥက္ကဌ ဦးမျိုးမြင့်၊ သုံးခွမြို့နယ် ပါတီဥက္ကဌ ဒေါ်ခင်မြတ်စု၊ ခရမ်းမြို့နယ်ပါတီဥက္ကဌ ဦး၀င်းဆွေတို့ က မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ နယ်မြေကွင်းဆင်း လှုပ်ရှားမှုအခြေအနေများနှင့် မြေပြင်အခက်အခဲများကို တင်ပြဆွေးနွေးကြပါသည်။
တက်ရောက်လာသူများက မေးမြန်းမှုများကို ရန်ကုန် တိုင်းပေါင်းစပ်ညှိနှိုင်းရေးမှုးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မွန်းတည့် (၁၂၀၀) နာရီအချိန်၌ တွေ့ဆုံပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ အလုပ်သမားရေးရာတာ၀န်ခံ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ပေါင်းစပ်ညှိနှိုင်းရေးမှုး ဦးမောင်မြင့်၊ဗဟိုကော်မတီ၀င် ရန်ကုန်တိုင်းပါတီဘဏ္ဍာရေးမှုး ဒေါ်အေးမင်းမိုး၊ တိုင်းပါတီကော်မတီဝင် ဦးနေဝင်း၊ သန်လျင်ခရိုင်ပါတီဥက္ကဌ ဦးနိုင်၀င်းနှင့်ခရိုင်ကော်မတီ၀င်များ၊ သန်လျင် မြို့နယ်ပါတီဥကဌ ဦးရန်မျိုးအောင်၊ကျောက်တန်းမြို့နယ်ပါတီဥက္ကဌဦးမျိုးမြင့်၊သုံးခွမြို့နယ်ပါတီဥက္ကဌဒေါ်ခင်မြတ်စု၊ ခရမ်းမြို့နယ်ပါတီဥက္ကဌ ဦး၀င်းဆွေ ၊မြို့နယ်များမှ မြို့နယ်ကော်မတီ၀င်များ၊အမာခံပါတီ၀င်များ အင်အား (၉၀) ခန့်ဦး တက်ရောက်ခဲ့ကြပါသည်။