ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲက်င္းပျပဳလုပ္

ဇန္နဝါရီ ၂၅၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက ပါတီတြင္းေဆြးေႏြးပြဲကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ က်င္းပျပဳလုပ္လ်က္ရွိၿပီး (၁၄)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၂၄ ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။
ယေန႔ေဆြးေႏြးပြဲတြင္ “စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဆိုင္ရာ ေဆာင္ရြက္မႈမ်ား” ေခါင္းစဥ္ျဖင့္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ဦးေအာင္တင္ျမင့္ႏွင့္ ဗဟိုေကာ္မတီဝင္ ဦးသန္းဝင္းထြန္းတို႔မွ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသူမ်ားမွ မိမိတို႔သိရွိလိုသည္မ်ား၊ အႀကံျပဳခ်က္မ်ားအား ေမးျမန္းေဆြးေႏြးခဲ့ၾကပါသည္။
ထိုေနာက္ ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ ဒုတိယဥကၠ႒မ်ားက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ ဆည္ေျမာင္း ကိစၥရပ္မ်ားႏွင့္ပတ္သက္သည့္ တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ ျဖည့္စြက္ေဆြးေႏြးျခင္း၊ အႀကံျပဳျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “နိုင္ငံ့လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းသည္ လယ္ယာလုပ္ငန္းတြင္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနသူမ်ားျဖစ္၍ တိုင္းျပည္အတြက္ အေရးပါသည့္ အင္အားစုႀကီးျဖစ္ေၾကာင္း၊ မိမိတို႔ပါတီသည္ ေတာင္သူလယ္သမားမ်ား၏ လူမႈဘဝျမင့္မားတိုးတက္ေရးအတြက္ တတ္အားသမၽွ ကူညီေျဖရွင္းေပးေနသည့္ ပါတီျဖစ္ေၾကာင္း၊ ပါတီ၏ ေရြးေကာက္ပြဲ ကတိကဝတ္မ်ားတြင္လည္း လယ္ယာ၊ စိုက္ပ်ိဳးေမြးျမဴေရး က႑မ်ားအတြက္ အေလးထားေျပာၾကားခဲ့သည္မ်ား ရွိပါေၾကာင္း၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဆိုင္ရာကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္းၿပီး ေဆြးေႏြးခ်က္၊ ေတြ႕ရွိခ်က္၊ အႀကံျပဳခ်က္၊ ဆက္လက္ေဆာင္ရြက္သင့္သည့္ လုပ္ငန္းစဥ္မ်ား”အား ရွင္းလင္းေျပာၾကားကာ ေဆြးေႏြးပြဲအား႐ုတ္သိမ္းခဲ့ပါသည္။

===========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၂၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၀၉၃၀ အချိန်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး (၁၄)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
ယနေ့ဆွေးနွေးပွဲတွင် “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်တင်မြင့်နှင့် ဗဟိုကော်မတီဝင် ဦးသန်းဝင်းထွန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များ၊ အကြံပြုချက်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထိုနောက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း ကိစ္စရပ်များနှင့်ပတ်သက်သည့် တင်ပြဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားရာ “နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် လယ်ယာလုပ်ငန်းတွင် အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်၍ တိုင်းပြည်အတွက် အရေးပါသည့် အင်အားစုကြီးဖြစ်ကြောင်း၊ မိမိတို့ပါတီသည် တောင်သူလယ်သမားများ၏ လူမှုဘဝမြင့်မားတိုးတက်ရေးအတွက် တတ်အားသမျှ ကူညီဖြေရှင်းပေးနေသည့် ပါတီဖြစ်ကြောင်း၊ ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်များတွင်လည်း လယ်ယာ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍများအတွက် အလေးထားပြောကြားခဲ့သည်များ ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးချက်၊ တွေ့ရှိချက်၊ အကြံပြုချက်၊ ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ”အား ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲအားရုတ်သိမ်းခဲ့ပါသည်။