ရန္ကုန္-ပုဂံ-ရန္ကုန္ ရထားခရီးစဥ္ေျပးဆြဲမည္

ရန္ကုန္ – ပုဂံ – ရန္ကုန္တိုက္ရိုက္ အျမန္ရထားခရီးစဥ္ကို ျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါ ရထားခရီးစဥ္သည္ ရန္ကုန္မွ ညေန (၄) နာရီ (၁၅) မိနစ္တြင္ ထြက္ခြာမည္ျဖစ္ၿပီး ပုဂံသို႔ ေန႔လယ္ (၁၂) နာရီတြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ပုဂံမွ ညေန (၄) နာရီ (၁၅) မိနစ္အခ်ိန္တြင္ထြက္ခြာမည္ျဖစ္ၿပီးရန္ကုန္သို႔ ေန႔လယ္ (၁၂) နာရီတြင္ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
လက္မွတ္ခႏႈန္းထားမ်ားမွာ ရိုးရိုးတန္း ၇၂၀၀ က်ပ္ ၊အထက္တန္း ၁၄၄၀၀ က်ပ္ ၊အိပ္စင္ ၁၉၈၀၀ က်ပ္ျဖစ္ၿပီး ခုတ္ေမာင္းခ်ိန္ မွာ (၁၉) နာရီ (၄၅) မိနစ္ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း ရပ္တန္႔ေပးမည့္ ဘူတာမ်ားမွာ သာယာဝတီ၊ လက္ပံတန္း၊ မင္းလွ ၊ အုတ္ဖို ၊ ႀကိဳ႕ပင္ေကာက္၊ ဇီးကုန္း၊ နတၱလင္း ၊ ေပါင္းတည္၊ ပုတီးကုန္းသဲကုန္း ၊ ဆင္ၿမီးဆြဲ၊ ျပည္ ( ေရႊတံခါး) ၊ ေအာင္လံ၊ ဆတ္သြား ၊ ေတာင္းတြင္းႀကီး ၊ၿမိဳ႕သစ္ ၊ နတ္ေမာက္ ၊ ေလးအိမ္၊ သာျမား၊ ပင္းေခ်ာင္း၊ ေက်ာက္ပန္းေတာင္း၊ ငါ့မင္းေမး ၊စုတည္ စသည့္ဘူတာမ်ားတြင္ ရပ္တန႔္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္-ပုဂံ အျမန္ရထား ေျပးဆြဲမူအေျခအေနကို ေန႔စဥ္ေျပးဆြဲသြားရန္ စီစဥ္ထားေသာ္လည္း ရထားစီးခရီးသည္အနည္း/အမ်ားေပၚမူတည္၍ ေန႔စဥ္ေျပးဆြဲမႈရွိ/မရွိအား ရန္ကုန္ဘူတာႀကီး ဖုန္းနံပါတ္ ၀၁-၂၅၁၁၈၁ သို႔ဆက္သြယ္စုံစမ္းနိုင္ေၾကာင္းလည္း အသိေပးထားသည္။

===========

ရန်ကုန်-ပုဂံ-ရန်ကုန် ရထားခရီးစဉ်ပြေးဆွဲမည်

ရန်ကုန် – ပုဂံ – ရန်ကုန်တိုက်ရိုက် အမြန်ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ရထားခရီးစဉ်သည် ရန်ကုန်မှ ညနေ (၄) နာရီ (၁၅) မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ပုဂံသို့ နေ့လယ် (၁၂) နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပုဂံမှ ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင်ထွက်ခွာမည်ဖြစ်ပြီးရန်ကုန်သို့ နေ့လယ် (၁၂) နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း ၇၂၀၀ ကျပ် ၊အထက်တန်း ၁၄၄၀၀ ကျပ် ၊အိပ်စင် ၁၉၈၀၀ ကျပ်ဖြစ်ပြီး ခုတ်မောင်းချိန် မှာ (၁၉) နာရီ (၄၅) မိနစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ရပ်တန့်ပေးမည့် ဘူတာများမှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ ၊ အုတ်ဖို ၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း ၊ ပေါင်းတည်၊ ပုတီးကုန်းသဲကုန်း ၊ ဆင်မြီးဆွဲ၊ ပြည် ( ရွှေတံခါး) ၊ အောင်လံ၊ ဆတ်သွား ၊ တောင်းတွင်းကြီး ၊မြို့သစ် ၊ နတ်မောက် ၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း၊ ငါ့မင်းမေး ၊စုတည် စသည့်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပုဂံ အမြန်ရထား ပြေးဆွဲမူအခြေအနေကို နေ့စဥ်ပြေးဆွဲသွားရန် စီစဥ်ထားသော်လည်း ရထားစီးခရီးသည်အနည်း/အများပေါ်မူတည်၍ နေ့စဥ်ပြေးဆွဲမှုရှိ/မရှိအား ရန်ကုန်ဘူတာကြီး ဖုန်းနံပါတ် ၀၁-၂၅၁၁၈၁ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း အသိပေးထားသည်။