ဂါဇာမွ လက္က်န္ ဓားစာခံမ်ားကို လႊတ္ေပးရန္ IDF ႏွင့္ သေဘာတူညီခ်က္အရ ဟားမတ္စ္က “လမ္းဖြင့္”ထား

ဇန္နဝါရီ ၂၅

ဂါဇာရွိ ဟားမတ္စ္အဖြဲ႕က က်န္ရွိေသာ ဓားစာခံ ၁၃ဝ ကို လႊတ္ေပးေရး ပါဝင္မည့္ ဂါဇာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို လမ္းဖြင့္ေပးထား သည္ဟု အီဂ်စ္သတင္းရင္းျမစ္မ်ားကို ကိုးကား၍ Wall Street Journal မွ ဇန္နဝါရီ ၂၃ ရက္၊ အဂၤါေန႔ ေႏွာင္းပိုင္းတြင္ ေဖာ္ ျပခဲ့သည္။ ကိုင္ရိုရွိ တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္အရ အၾကမ္းဖက္အဖြဲ႕သည္ ဂါဇာကမ္းေျမႇာင္သို႔ ေခၚေဆာင္သြားေသာ အမ်ိဳးသမီးစစ္ သည္မ်ား မပါ၊ က်န္ရွိေနသည့္ အမ်ိဳးသမီးႏွင့္ ကေလးအားလုံးကို ျပန္လႊတ္ေပးေရး သေဘာတူညီခ်က္ကို “ပြင့္လင္းျမင္သာစြာ” ထုတ္ေဖာ္ခဲ့ၿပီး အမ်ိဳး သမီးမ်ားႏွင့္ ကေလးမ်ားကို အာ႐ုံစိုက္သည့္ ယခင္ ဓားစာခံလြတ္ေျမာက္ေရး သေဘာတူညီခ်က္တြင္ ဓားစာခံ ၁၀၅ ဦးကို လြတ္ေျမာက္ေစခဲ့သည္ဟု ဆို သည္။

ဂါဇာတြင္ အျမဲတမ္း အပစ္အခတ္ရပ္စဲေရးႏွင့္ အစၥေရးတပ္မေတာ္ IDF တပ္ဖြဲ႕မ်ား ဆုတ္ခြာေရးတို႔ သေဘာတူညီမွသာ လက္က်န္ဓားစာခံမ်ားကို လႊတ္ ေပးမည္ဟု ဟားမတ္စ္၏ သေဘာထားထုတ္ျပန္ထား ခဲ့ရာမွ သေဘာတူညီခ်က္ကို ေဆြးေႏြးရန္ ဆႏၵရွိသည္ဟု အေလးေပးေျပာၾကားလာခဲ့ရာ ဟားမတ္စ္တို႔၏မူဝါဒ အေျပာင္းအလဲကို ညႊန္ျပေနေၾကာင္း။ အစၥေရးအစိုးရမွ အဆိုျပဳထား သည့္ ႏွစ္လၾကာ အပစ္အခတ္ရပ္စဲေရး သေဘာ တူညီခ်က္ကို ဟားမတ္စ္၏ ျငင္း ပယ္မႈအား ကာတာႏွင့္ အီဂ်စ္ ၾကားဝင္ဖ်န္ေျဖသူမ်ားအေနျဖင့္အေၾကာင္းၾကားျခင္း မရွိခဲ့ေၾကာင္း အစၥေရးတာဝန္ရွိသူမ်ားက ဇန္နဝါရီ ၂၃ ရက္ အဂၤါေန႔ အေစာပိုင္းတြင္ေျပာၾကားခဲ့သည္။

Wall Street Journal ၏ အဆိုအရ အစၥေရးသတင္းရင္းျမစ္မ်ားက ေျပာၾကားသည့္ ေဆြးေႏြးမႈမ်ား အေကာင္အထည္ေဖာ္မႈအေပၚ သံသယ ရွိေနဆဲျဖစ္ေၾကာင္း၊ “သို႔ေသာ္ ျဖစ္နိုင္ေခ်ရွိေသာ သေဘာတူညီခ်က္အတြက္ လမ္းညႊန္ခ်က္မ်ားကို ဆက္လက္ေဆြးေႏြးရန္ ဆႏၵရွိေနသည္။”ဟု သိရွိရသည္။

အစၥေရးႏွင့္ ဟားမတ္စ္တို႔သည္ တစ္လၾကာ အပစ္အခတ္ ရပ္စဲေရးႏွင့္ ပတ္သက္၍ က်ယ္က်ယ္ျပန႔္ျပန႔္ သေဘာတူညီခဲ့ၾကသည္ဟု ရိုက္တာသတင္းတြင္ ယမန္ေန႔၊ ဗုဒၶဟူးေန႔ အေစာပိုင္းက ေဖာ္ျပထားကာ တစ္လၾကာ အပစ္အခတ္ ရပ္စဲေရးကာလအတြင္း အစၥေရးဓားစာခံမ်ား လဲလွယ္ေပးေရး အစီအစဥ္ကို အစၥေရးႏွင့္ ဟားမတ္စ္တို႔က “က်ယ္ျပန႔္စြာ သေဘာ တူသည္” ဟု ဆက္ေဖာ္ျပထားသည္။

သို႔ေသာ္ ဂါဇာစစ္ပြဲကို အၿပီးတိုင္ အဆုံးသတ္ ေအာင္ မည္သို႔ေဆာင္ရြက္ရမည္နည္းႏွင့္ ပတ္သက္၍ ႏွစ္ဖက္ ကြဲလြဲမႈမ်ားျဖင့္ မူေဘာင္အစီအစဥ္ကို ခ်မွတ္နိုင္ေရး ရွိေနေၾကာင္း၊ မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း ကာတာ၊ ဝါရွင္တန္ႏွင့္ အီဂ်စ္တို႔ ဦး ေဆာင္ေသာ ခဲယဥ္းသည့္ ဖ်န္ ေျဖေရး ႀကိဳးပမ္းမႈမ်ားတြင္ အစၥေရး ဓားစာခံမ်ားကို အမ်ိဳးအစားမ်ား ခြဲျခား ၍ အရပ္သားမ်ားမွ စတင္ကာ စစ္သည္မ်ားႏွင့္ အဆုံး သတ္ လႊတ္ေပးရန္ အဆင့္လိုက္ ခ်ဥ္းကပ္မႈအေပၚ အာ႐ုံစိုက္ခဲ့ၿပီး ရန္လိုတိုက္ခိုက္မႈမ်ားမွ ရပ္နားရန္၊ ပါလက္ စတိုင္း အက်ဥ္းသားမ်ား လႊတ္ေပးရန္ႏွင့္ ဂါဇာသို႔ အကူအညီမ်ား ပိုမိုေပးအပ္နိုင္ပါရွိေၾကာင္း Wall Street Journal သတင္းတြင္ ေဖာ္ျပထားသည္။

==========

ဂါဇာမှ လက်ကျန် ဓားစာခံများကို လွှတ်ပေးရန် IDF နှင့် သဘောတူညီချက်အရ ဟားမတ်စ်က “လမ်းဖွင့်”ထား

ဇန်နဝါရီ ၂၅

ဂါဇာရှိ ဟားမတ်စ်အဖွဲ့က ကျန်ရှိသော ဓားစာခံ ၁၃ဝ ကို လွှတ်ပေးရေး ပါဝင်မည့် ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လမ်းဖွင့်ပေးထား သည်ဟု အီဂျစ်သတင်းရင်းမြစ်များကို ကိုးကား၍ Wall Street Journal မှ ဇန်နဝါရီ ၂၃ ရက်၊ အင်္ဂါနေ့ နှောင်းပိုင်းတွင် ဖော် ပြခဲ့သည်။ ကိုင်ရိုရှိ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အကြမ်းဖက်အဖွဲ့သည် ဂါဇာကမ်းမြှောင်သို့ ခေါ်ဆောင်သွားသော အမျိုးသမီးစစ် သည်များ မပါ၊ ကျန်ရှိနေသည့် အမျိုးသမီးနှင့် ကလေးအားလုံးကို ပြန်လွှတ်ပေးရေး သဘောတူညီချက်ကို “ပွင့်လင်းမြင်သာစွာ” ထုတ်ဖော်ခဲ့ပြီး အမျိုး သမီးများနှင့် ကလေးများကို အာရုံစိုက်သည့် ယခင် ဓားစာခံလွတ်မြောက်ရေး သဘောတူညီချက်တွင် ဓားစာခံ ၁၀၅ ဦးကို လွတ်မြောက်စေခဲ့သည်ဟု ဆို သည်။

ဂါဇာတွင် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် အစ္စရေးတပ်မတော် IDF တပ်ဖွဲ့များ ဆုတ်ခွာရေးတို့ သဘောတူညီမှသာ လက်ကျန်ဓားစာခံများကို လွှတ် ပေးမည်ဟု ဟားမတ်စ်၏ သဘောထားထုတ်ပြန်ထား ခဲ့ရာမှ သဘောတူညီချက်ကို ဆွေးနွေးရန် ဆန္ဒရှိသည်ဟု အလေးပေးပြောကြားလာခဲ့ရာ ဟားမတ်စ်တို့၏မူဝါဒ အပြောင်းအလဲကို ညွှန်ပြနေကြောင်း။ အစ္စရေးအစိုးရမှ အဆိုပြုထား သည့် နှစ်လကြာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကို ဟားမတ်စ်၏ ငြင်း ပယ်မှုအား ကာတာနှင့် အီဂျစ် ကြားဝင်ဖျန်ဖြေသူများအနေဖြင့်အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများက ဇန်နဝါရီ ၂၃ ရက် အင်္ဂါနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။

Wall Street Journal ၏ အဆိုအရ အစ္စရေးသတင်းရင်းမြစ်များက ပြောကြားသည့် ဆွေးနွေးမှုများ အကောင်အထည်ဖော်မှုအပေါ် သံသယ ရှိနေဆဲဖြစ်ကြောင်း၊ “သို့သော် ဖြစ်နိုင်ချေရှိသော သဘောတူညီချက်အတွက် လမ်းညွှန်ချက်များကို ဆက်လက်ဆွေးနွေးရန် ဆန္ဒရှိနေသည်။”ဟု သိရှိရသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့သည် တစ်လကြာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီခဲ့ကြသည်ဟု ရိုက်တာသတင်းတွင် ယမန်နေ့၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဖော်ပြထားကာ တစ်လကြာ အပစ်အခတ် ရပ်စဲရေးကာလအတွင်း အစ္စရေးဓားစာခံများ လဲလှယ်ပေးရေး အစီအစဉ်ကို အစ္စရေးနှင့် ဟားမတ်စ်တို့က “ကျယ်ပြန့်စွာ သဘော တူသည်” ဟု ဆက်ဖော်ပြထားသည်။

သို့သော် ဂါဇာစစ်ပွဲကို အပြီးတိုင် အဆုံးသတ် အောင် မည်သို့ဆောင်ရွက်ရမည်နည်းနှင့် ပတ်သက်၍ နှစ်ဖက် ကွဲလွဲမှုများဖြင့် မူဘောင်အစီအစဉ်ကို ချမှတ်နိုင်ရေး ရှိနေကြောင်း၊ မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကာတာ၊ ဝါရှင်တန်နှင့် အီဂျစ်တို့ ဦး ဆောင်သော ခဲယဉ်းသည့် ဖျန် ဖြေရေး ကြိုးပမ်းမှုများတွင် အစ္စရေး ဓားစာခံများကို အမျိုးအစားများ ခွဲခြား ၍ အရပ်သားများမှ စတင်ကာ စစ်သည်များနှင့် အဆုံး သတ် လွှတ်ပေးရန် အဆင့်လိုက် ချဉ်းကပ်မှုအပေါ် အာရုံစိုက်ခဲ့ပြီး ရန်လိုတိုက်ခိုက်မှုများမှ ရပ်နားရန်၊ ပါလက် စတိုင်း အကျဉ်းသားများ လွှတ်ပေးရန်နှင့် ဂါဇာသို့ အကူအညီများ ပိုမိုပေးအပ်နိုင်ပါရှိကြောင်း Wall Street Journal သတင်းတွင် ဖော်ပြထားသည်။