ယီမင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြား၊ အစိုးရတပ်ဖွဲ့များက ထိုးစစ်သစ်ဆင်နွှဲ

13909150_1070558363037050_3818103249519074531_o

ဒူဘိုင်း သြဂုတ် ၇

ယီမင်နိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကူဝိတ်နိုင်ငံ၌ ကျင်းပခဲ့ရာတွင် သဘောတူညီချက် မရဘဲ ပြီးဆုံး သွားခဲ့သဖြင့် သမ္မတ အဗ္ဗဒီးရာဘူမင်ဆောဟာဒီအား သစ္စာခံသော တပ်ဖွဲ့များက မြို့တော်ဆာနား အရှေ့ဘက်တွင် သူပုန်တပ်ဖွဲ့များကို ထိုးစစ်သစ် စတင်ဆင်နွှဲလျက် ရှိသည်။

ကုလသမဂ္ဂ၏ ကမကထပြုမှုဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပခဲ့သော်လည်း သဘောကွဲလွဲမှုများ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။ ယီမင်နိုင်ငံ၌ ငြိမ်းချမ်းရေးဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကုလသမဂ္ဂက ကြိုးပမ်းခဲ့သော်လည်း အီရန်နှင့် မဟာမိတ် ပြုထားသောဟူသီ သူပုန်များနှင့် သမ္မတဟောင်း အလီ အဗ္ဗဒူလာ ဆာလား ဦးဆောင်သော အုပ်စုတို့က အဖွဲ့ဝင် ၁ဝ ဦး ပါဝင်သော အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့ရာ စစ်ရေး တိုက်ခိုက်မှုဆီသို့ ပြန်လည်ဦးတည်ခဲ့ခြင်းဖြစ်သည်။

ဟူသီသူပုန်များနှင့် ဆာလား၏ ပြည်သူ့ကွန်ဂရက် အဖွဲ့တို့က ယီမင်နိုင်ငံ၏ မြောက်ပိုင်းနယ်မြေ ထက်ဝက် နီးပါးကို ထိန်းချုပ်ထားသည်။ ယီမင်သမ္မတဟာဒီအား သစ္စာခံသော တပ်ဖွဲ့များကမူ နိုင်ငံ၏ ကျန်ရှိသော နယ်မြေများကို ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုခေါင်းဆောင်များနှင့်အတူ ထိန်းချုပ်ထားသည်။

(ရိုက်တာ)


Leave a Reply