ကာရေဘာင္းဖလား ခ်ယ္လ္ဆီး နဲ႔ လီဗာပူးလ္ ဗိုလ္လုမည္

ဇန္နဝါရီ ၂၅

ယေန႔ နံနက္အေစာပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ လိဂ္ဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ လီဗာပူးလ္အသင္းက ဖူလ္ဟမ္ကို သေရကစားခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ၃ ဂိုး ၂ ဂိုးနဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲဆီ တက္လွမ္းသြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းက စတန္းဖို႔ဘရစ္ခ်္မွာ ဂိုးျပတ္အနိုင္ရၿပီးတက္ေရာက္လာနိုင္ခဲ့သလို လီဗာပူးလ္ဟာလည္း ႏွစ္ေက်ာ့ေပါင္းရလဒ္အသာစီးျဖင့္ တက္ေရာက္လာနိုင္ခဲ့ပါတယ္။

ထိပ္သီး(၂)သင္းစလုံးဟာ ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္ပထမအေက်ာ့ပြဲစဥ္တြင္ သေရရလဒ္ထြက္ေပၚထားကာ ေနာက္ဆုံးကစားခဲ့သည့္ ၿပိဳင္ပြဲစုံ (၇)ႀကိမ္ဆက္ မိနစ္(၉၀)အတြင္း အနိုင္အရႈံးမေပၚထားသည့္ အသင္းႏွစ္သင္းလည္းျဖစ္ပါတယ္။

ထို႔ေၾကာင့္ လိဂ္ဖလား(EFL Cup၊ Carabao Cup)ဗိုလ္လုပြဲအျဖစ္ ခ်ယ္လ္ဆီးနဲ႔ လီဗာပူးလ္အသင္းဟာ လာမည့္ ေဖေဖာ္ဝါရီ(၂၅)ရက္တြင္ ယွဥ္ၿပိဳင္ကစားၾကမည္ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းက ဗိုလ္လုပြဲသို႔ စံခ်ိန္တင္ ၁၄ ႀကိမ္ေျမာက္ တက္ေရာက္ခဲ့ၿပီး ခ်ယ္လ္ဆီးမွာမူ မန္ခ်က္စတာယူနိုက္တက္အသင္းႏွင့္အတူ ၁၀ ႀကိမ္ေျမာက္တက္ေရာက္ကာ ဒုတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

========

ကာရဘောင်းဖလား ချယ်လ်ဆီး နဲ့ လီဗာပူးလ် ဗိုလ်လုမည်

ဇန်နဝါရီ ၂၅

ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဖူလ်ဟမ်ကို သရေကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက စတန်းဖို့ဘရစ်ချ်မှာ ဂိုးပြတ်အနိုင်ရပြီးတက်ရောက်လာနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း နှစ်ကျော့ပေါင်းရလဒ်အသာစီးဖြင့် တက်ရောက်လာနိုင်ခဲ့ပါတယ်။

ထိပ်သီး(၂)သင်းစလုံးဟာ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ထားကာ နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံ (၇)ကြိမ်ဆက် မိနစ်(၉၀)အတွင်း အနိုင်အရှုံးမပေါ်ထားသည့် အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။

ထို့ကြောင့် လိဂ်ဖလား(EFL Cup၊ Carabao Cup)ဗိုလ်လုပွဲအဖြစ် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းဟာ လာမည့် ဖေဖော်ဝါရီ(၂၅)ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ဗိုလ်လုပွဲသို့ စံချိန်တင် ၁၄ ကြိမ်မြောက် တက်ရောက်ခဲ့ပြီး ချယ်လ်ဆီးမှာမူ မန်ချက်စတာယူနိုက်တက်အသင်းနှင့်အတူ ၁၀ ကြိမ်မြောက်တက်ရောက်ကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။