“အိုလံပစ် အမျိုးသားဘောလုံးဖိုင်နယ်မှာ ဘရာဇီးလ်နဲ့ ဂျာမနီဆုံတွေ့”

ရီယိုအိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ်က ဟွန်ဒူးရပ်စ်ကို ခြေစွမ်းပြပြီး ဂိုးပြတ် နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အသင်းခေါင်းဆောင် နေမာ ခြေစွမ်းပြပြီး ၂ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲစလို့ ၁၄ စက္ကန့်မှာ နေမာက ဘရာဇီးလ်အတွက် အဖွင့်ဂိုး သွင်းယူပြီး ဒီဂိုးဟာ အိုလံပစ်ဘောလုံး ပြိုင်ပွဲသမိုင်း တစ်လျောက် အမြန်ဆုံးဂိုးအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Brazil_vs_Germany,_in_Belo_Horizonte_12

ဘရာဇီးလ်နဲ့ ဂျာမနီ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တွေ့ဆုံမှု

၂၆မိနစ်နဲ့ ၃၅မိနစ်မှာ မန်ချက်စတာစီးတီးက ၀ယ်ထားတဲ့လူငယ်တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆူက ၂ဂိုးဆက်၊ ဒုတိယပိုင်းမှာ မာကွီးဟို့စ်၊ လူယန်နဲ့ နေမာတို့က နောက်ထပ်ဂိုးတွေသွင်းပြီး ၆ဂိုးပြတ်နဲ့နိုင်ပြီး ဖိုင်နယ်တက်ခဲ့ ပါတယ်။
ဒုတိယဆီမီးဖိုင်နယ်မှာ နိုက်ဂျီးရီးယားနဲ့ ဂျာမနီတို့ အကြိတ်အနယ် ကစားခဲ့ပြီး ဂျာမနီက ၂ဂိုးပြတ်နဲ့ နိုင်ပါတယ်။ နိုက်ဂျီးရီးယားက တစ်ပွဲလုံးကို ဘောလုံးကိုင်ကစားခဲ့ပြီး ဂျာမနီကတော့ အခွင့်အရေးတွေကို အသုံးချပြီးနိုင်ခဲ့တာ ပါ။ ဂျာမနီပထမပိုင်းအစောပိုင်းနဲ့ ဒုတိယပိုင်း ပွဲပြီးခါနီးမှာ ၂ ဂိုးသွင်းခဲ့လို့ ဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖိုင်နယ်ကိုတော့ စနေနေ့ညပိုင်း ရီယိုမြို့က မာရာကာနာကွင်းကြီးထဲမှာ အိမ်ရှင်ဘရာဇီးလ်နဲ့ ဂျာမနီတို့ ကစားကြ မှာဖြစ်ပါတယ်။

ဂျာမနီအမျိုးသမီးအသင်းဟာလည်း ဖိုင်နယ်တက်နိုင်ခဲ့ပြီး ဥရောပပြိုင်ဖက် ဆွီဒင်နဲ့ရင်ဆိုင်ရမှာဖြစ်လို့ ဂျာမနီ အမျိုးသားနဲ့ အမျိုးသမီးအသင်းဟာ သမိုင်းတစ်လျောက် အိုလံပစ်ရွှေတံဆိပ်ကိုတစ်ပြိုင်နက်တည်းဆွတ်ခူးနိုင်မယ့် အသင်းအဖြစ် အခွင့်အရေးရှိနေပါတယ်။

BBC Burmese


Leave a Reply