ကယ်လီဖိုးနီး တောမီးကြောင့် လူပေါင်း သောင်းနှင့်ချီ ရွှေ့ပြောင်းရ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် တောမီးများအရှိန်ပြင်းစွာ ကူးစက် လောင်ကျွမ်းနေ သည့်နောက် လူပေါင်း သောင်းဂဏန်းမျှ ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့ရသည်။

fgrg

ပြည်နယ်မြို့တော် လော့စ်အန်ဂျလိစ်၏ အရှေ့ဘက်ဒေသများတွင် နေထိုင်သူ ၈၂၀၀၀ မျှကို နေရပ်မှစွန့်ခွာကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန် ထားသည်။ လက်ရှိလောင်ကျွမ်းနေသည့် တောမီးသည် မူလခန့်မှန်းထားသည်ထက် ပိုမိုပြင်းထန်အားကောင်းပြီး ထိန်းချုပ်ရန်အလွန်ခက်ခဲနေဆဲဟု သိရသည်။

Blue Cut တောမီးဟု အမည်ပေးထားသည့် မီးသည် ကယ်လီဖိုးနီးယားနှင့် နီဗားဒါးကြား ဆက်သွယ်ရေး လမ်းကြောင်းများကို အဟန့်အတားဖြစ်စေသလို နေအိမ် အတော်များများကိုလည်း ဝါးမြိုလောင်ကျွမ်းခဲ့ပြီးဖြစ် သည်။ အချို့သောဒေသများတွင် ထင်ထားသည်ထက် မီးကူးစက်မှုပိုမြန်သဖြင့် လူအများ အသက်လုထွက်ပြေး ခဲ့ရသည်။

ဩဂုတ် ၁၆ ရက်က စတင်ခဲ့သည့် တောမီးသည် တောင်စောင်းဒေသများကို ကျော်ဖြတ်ကာ တစ်ရက်အတွင်း အကျယ်အဝန်း ၄၇ စတုရန်းမိုင် (၁၂၂၀၀၀ ဟက်တာ) မျှကို လျင်လျင်မြန်မြန် ဝါးမြိုဖျက်ဆီးခဲ့သည်။ ကယ်လီဖိုး နီးယားမီးသတ်ဌာနက ဝန်ထမ်း ၁၃၀၀ ထိ အသုံးပြုကာ ကြိုးစားငြှိမ်းသတ်နေသော်လည်း မီးရှိန်ကို မဟန့်တား နိုင်ဘဲ လူနေဧရိယာများကို ဆက်လက်ခြိမ်းခြောက်နေဆဲဟု သိရသည်။

မီးသတ်ဦးစီး အရာရှိ မိုက်ခ်ဝါကိုစကီးက ၎င်း၏ အမှုထမ်းသက် နှစ် ၄၀ အတွင်း ယခုလောက် အခြေအနေ ဆိုးသော တောမီးမျိုး မတွေ့ဖူးခဲ့ဟု ဝန်ခံသည်။ “ဒီမီးငြိမ်းသွားတဲ့အချိန် အိမ်ပြန်လာတဲ့အခါ သူတို့ပိုင်ဆိုင်ထား တာတွေ လုံးဝမရှိတော့တာမျိုး ကြုံရမယ့်မိသားစုတွေ နည်းမှာမဟုတ်ဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ “မီးအရမ်းပြင်းတယ်။ ကူးစက်နှုန်းအရမ်းမြန်တယ်။ ဒီလိုပြင်းအားမျိုး အရင်ကမတွေ့ဖူးဘူး” ဟုလည်း ဝါကိုစကီးက မှတ်ချက်ပြုခဲ့သည်။

လတ်တလောတွင် တောမီးနှင့်ဆက်စပ်ပြီး အသေအပျောက်သတင်းများ မကြားသိရသေးသော်လည်း ကယ်ဆယ် ရေးများက ခွေးများကိုအသုံးပြုကာ မီးကျွမ်းမြေများ၌ ရုပ်အလောင်းများရှိမရှိ လိုက်လံရှာဖွေနေသည်။ အာဏာပိုင် များက တောမီးကြောင့် နေအိမ်အချို့ ပျက်စီးနိုင်သည်ဟု ကြေညာထားသော်လည်း အခြေအနေအရ ဆုံးရှုံးမှု အရေအတွက်သည် ရာနှင့်ချီတိုးပွားလာမည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။

7 Day Daily


Leave a Reply