ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲကနေ အန်ဒီမာရေးနဲ့ ရာဖေးလ်နာဒယ် ထွက်ခဲ့ရ

တင်ပါးဒဏ်ရာ ကာလရှည်ခံစားခဲ့ရတဲ့ ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲ ဒုတိယအဆင့်မှာ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အန်ဒီမာရေးဟာ နှစ်သစ်ကူးနေ့တုန်းက ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ဒက်ဝါ့သ်ကို အနိုင်ရခဲ့ပေမဲ့ ဒုတိယအဆင့်မှာ မီဒီဒက်ဗ်ကို ၇-၅၊ ၆-၂ နဲ့ ၂ ပွဲပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ အန်ဒီမာရေးဟာ တင်ပါးဒဏ်ရာ ခွဲစိတ်မှုခံယူပြီးနောက် ကမ္ဘာ့အဆင့် ၂၄၀ အထိ ကျဆင်းသွားခဲ့ပြီး အချိန်ဘယ်လောက်ကြာတဲ့အထိ တင်းနစ် ဆက်ကစားနိုင်မလဲဆိုတာ မသေချာသေးဘူးလို့ ပြောခဲ့ဖူးသူပါ။
စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်ကလည်း ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲမှာ အဖွင့်ပွဲစဉ် မကစားရသေးခင် ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ပါတယ်။ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝနေချင်တဲ့ ရာဖေးလ်နာဒယ်ဟာ ဘယ်ဘက်ပေါင်မှာ အကြောဒဏ်ရာရနေလို့ ဆရာဝန်တွေရဲ့ မှတ်ချက်အရ ဘရစ္စဘိန်းနိုင်ငံတကာပြိုင်ပွဲကနေ အနားယူခဲ့တာဖြစ်ပါတယ်။

-Ref: Skysports