အခုႏွစ္ကုန္မွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားတဲ့ Squid Game Season 2

႐ုပ္ရွင္ခ်စ္ပရိသတ္တို႔ ေမၽွာ္လင့္ေစာင့္ဆိုင္းေနတဲ့ Squid Game Season 2 ဟာ အခုႏွစ္ထဲ ထြက္ရွိလာေတာ့မွာပါ။ Netflix ဟာ ‘Squid Game’ Season 2 ကို ၂၀၂၄ ခုႏွစ္မွာ ထုတ္လႊင့္ဖို႔ စီစဥ္ထားတယ္လို႔ ဘ႑ာေရးဆိုင္ရာရင္းႏွီးျမဳပ္ႏွံမႈေပးစာမွတစ္ဆင့္ေၾကညာခဲ့တာေၾကာင့္ Deadline လို နိုင္ငံျခားမီဒီယာသတင္းဌာနေတြရဲ့ေဖာ္ျပခ်က္အရ သိရပါတယ္။ “အရင္ႏွစ္က ဇာတ္လမ္းတခ်ိဳ႕ထုတ္လႊင့္ဖို႔ ေနာက္ဆုတ္ခဲ့ရေပမဲ့ ၂၀၂၄ ခုႏွစ္အတြက္ ထုတ္လႊင့္ဖို႔စီစဥ္ထားပါတယ္။ Squid Game Season 2 က The Diplomat၊ Express Season 2၊ Bridgerton Season 3 တို႔နဲ႔အတူ ထြက္ရွိမွာပါ”လို႔ ေဖာ္ျပထားပါတယ္။
Squid Game Season 1 ကို ၂၀၂၁ ခုႏွစ္ စက္တင္ဘာ ၁၇ ရက္ေန႔က Netflix ကတဆင့္ ထုတ္လႊင့္ခဲ့ၿပီး ကမၻာ့တဝွမ္းေအာင္ျမင္မႈမ်ားစြာရရွိခဲ့ပါတယ္။ ထုတ္လႊင့္တဲ့ ပထမေလးပတ္အတြင္း ၾကည့္ရႈမႈနာရီေပါင္း ၁.၆၅ ဘီလ်ံေက်ာ္သြားခဲ့တာပါ။
အခုႏွစ္ထဲ ထုတ္လႊင့္မယ့္ Squid Game Season 2 မွာ လီေျဗာင္ဟြန္းက Front Man အျဖစ္ ျပန္လည္ပါဝင္မွာျဖစ္ၿပီး ဝီဟာဂၽြန္းက လူသတ္မႈစုံေထာက္ ဟြမ္ဂၽြန္ဟိုအျဖစ္ ျပန္လည္ပါဝင္မွာပါ။ မင္းသားဂုံယိုးလည္း ျပန္ပါဝင္လာမွာျဖစ္ပါတယ္။ အျခားနာမည္ႀကီးမင္းသားေတာ္ေတာ္မ်ားမ်ားလည္း Season 2 မွာ ပါဝင္ထားပါတယ္။

“Squid Game Season 2”

=================

အခုနှစ်ကုန်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတဲ့ Squid Game Season 2

ရုပ်ရှင်ချစ်ပရိသတ်တို့ မျှော်လင့်စောင့်ဆိုင်းနေတဲ့ Squid Game Season 2 ဟာ အခုနှစ်ထဲ ထွက်ရှိလာတော့မှာပါ။ Netflix ဟာ ‘Squid Game’ Season 2 ကို ၂၀၂၄ ခုနှစ်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြုပ်နှံမှုပေးစာမှတစ်ဆင့်ကြေညာခဲ့တာကြောင့် Deadline လို နိုင်ငံခြားမီဒီယာသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ “အရင်နှစ်က ဇာတ်လမ်းတချို့ထုတ်လွှင့်ဖို့ နောက်ဆုတ်ခဲ့ရပေမဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်လွှင့်ဖို့စီစဉ်ထားပါတယ်။ Squid Game Season 2 က The Diplomat၊ Express Season 2၊ Bridgerton Season 3 တို့နဲ့အတူ ထွက်ရှိမှာပါ”လို့ ဖော်ပြထားပါတယ်။
Squid Game Season 1 ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့က Netflix ကတဆင့် ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့တဝှမ်းအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ ထုတ်လွှင့်တဲ့ ပထမလေးပတ်အတွင်း ကြည့်ရှုမှုနာရီပေါင်း ၁.၆၅ ဘီလျံကျော်သွားခဲ့တာပါ။
အခုနှစ်ထဲ ထုတ်လွှင့်မယ့် Squid Game Season 2 မှာ လီဗြောင်ဟွန်းက Front Man အဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပြီး ဝီဟာဂျွန်းက လူသတ်မှုစုံထောက် ဟွမ်ဂျွန်ဟိုအဖြစ် ပြန်လည်ပါဝင်မှာပါ။ မင်းသားဂုံယိုးလည်း ပြန်ပါဝင်လာမှာဖြစ်ပါတယ်။ အခြားနာမည်ကြီးမင်းသားတော်တော်များများလည်း Season 2 မှာ ပါဝင်ထားပါတယ်။

“Squid Game Season 2”