ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

၂၀၁၉ ဇူလိုင် ၄ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉း၃၀) အချိန် ပြည်နယ်ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပပြုလုပ် ပါသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒုတိယဥက္ကဌ ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်းအဝေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပါသည်။

အစည်းအဝေးသို့ ပြည်နယ်ကော်မတီဝင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ ဥက္ကဌများ၊ လူငယ်ရေးရာတာဝန်ခံများ၊ အမျိုးသမီးရေးရာ တာဝန်ခံများ စုစုပေါင်း အင်အား (၉၀) ကျော် တက်ရောက်ကြပါသည်။ ဒုတိယ (၃) လပတ်အစည်းအ၀းကို (၄-၇-၂၀၁၉) ရက်နေ့မှ (၅-၇-၂၀၁၉) ရက်နေ့ထိ ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

USDP Shan – North