မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဝါနက်ချောင်းစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ခရိုင်ပါတီကော်မတီဝင်များနှင့် ပါတီဝင်အင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စား ပြု လူငယ်များအား တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တွေ့ဆုံ

မန္တလေး၊ မေ ၂၈

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စားပြုလူငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကရင်ပြည်နယ်ရှိ ပါတီများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ဘားအံ၊ မေ ၂၆

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ညနေ ၄ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံးတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ၊ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ပါတီရုံး၌ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော် အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ (၁၂၁) အုပ်စုမှ အသစ်ဝင်ရောက်လာကြသော ပါတီဝင်များ၏ အဆိုပြုလွှာပေါင်း ၆၀၃ စောင်ကို နယ်မြေ ကိုယ်စားပြု ရပ်ကျေးပါတီဥက္ကဌ (၆) ဦးက ပေးအပ်ရာ သက်ဆိုင်ရာနယ်မြေမှူး မြို့နယ်ပါတီကော်မတီဝင်များက အသီးသီး လက်ခံကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) မေ ၂၉ မှ ၃၁ ရက်အထိ ကျင်းပမည်

နေပြည်တော်၊ မေ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) အခမ်းအနားကို ပါတီဌာနချုပ် (နေပြည်တော်) ၌ ယခုလ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီမှ စတင်ကျင်းပသွားမည်ဖြစ်သည်။

၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနား မြန်အောင်၌ ကျင်းပ

မြန်အောင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကနောင်တိုက်နယ် ငါးပိဆိပ်အုပ်စု ညောင်ဝင်းကျေးရွာ ဘုန်းတင့်စံဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ၂ဝ၁၈ လူငယ်ညီလာခံအကြို ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကလိုင်ကျော်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ ဦးဝဏ္ဏမောင်လွင် တက်ရောက်

ကျောက်ဆည်၊ မေ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၈ နာရီခွဲက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကလိုင်ကျော် ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံကြိုပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

မအူပင်၊ မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးလျက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုလူငယ်ညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲအား ယမန်နေ့နံနက် ၉ နာရီတွင် ပန်းတနော်မြို့နယ် ကဿဝင်ကျေးရွာအုပ်စု ဘုရားကြီးရွာသစ် ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာသိ ကြေညာရဲတဲ့ပါတီဟာ ပြည်ခိုင်ဖြိုးဖြစ်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုန်းရွာကျေးရွာအုပ်စု သျှင်ငယ်ပြေးကျေးရွာတွင် မေ ၂၆ ရက်က လည်းကောင်း၊ ကျောက်ဆည်မြို့နယ် ကလိုင်ကျော်ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် မေ ၂၇ ရက်က လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများကို ကျင်းပခဲ့ရာ အဆိုပါအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများတွင် ပါတီဝင်သစ်များအဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် သျှင်ငယ်ပြေးကျေးရွာမှ ဦးလှကြည်နှင့် ကလိုင်ကျော်ကျေးရွာမှ ကိုအောင်ဖြိုးဦးတို့၏ ပါတီဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည်။

တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ ကျင်းပ

တောင်တွင်းကြီး၊ မေ ၂၇

တောင်တွင်းကြီးမြို့နယ် အင်ကုန်းကျေးရွာအုပ်စု ရွှေအင်ပင်ကျေးရွာမှ ပြည်သူ ၁၅၇ ဦး သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ၂၇.၅.၂၀၁၈ ရက် နေ့လည် ၁ နာရီခွဲတွင် ၄င်းကျေးရွာ၌ ကျင်းပခဲ့သည်။