ကလိုင်ကျော်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်း ပေးအပ်ပွဲ ဦးဝဏ္ဏမောင်လွင် တက်ရောက်

ကျောက်ဆည်၊ မေ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၈ နာရီခွဲက ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ကလိုင်ကျော် ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသော ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။ အဆိုပါ အခမ်းအနားအား နိုင်ငံတော်အလံကိုအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အမှာစကားပြောကြားခဲ့ပြီးနောက် ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းက ဒေသအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အစီအစဉ်အရ ကျောက်ဆည်မြို့နယ် ကလိုင်ကျော်ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသော အခမ်းအနား၌ ရပ်/ကျေးပါတီဥက္ကဋ္ဌများအား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ တာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌတာဝန်များ အသီးသီးပေးအပ်၍ ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက် လာသောပါတီဝင်အသစ်များ၏ ပါတီဝင်အဆိုပြုလွှာများအား ကျေးရွာပါတီဥက္ကဋ္ဌမှ ပေးအပ်ခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က လက်ခံရယူခဲ့သည်။

ထို့နောက် ပါတီဝင်အသစ်တစ်ဦးဖြစ်သော ကလိုင်ကျော်ကျေးရွာ ပြည်သူတစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အဖွဲ့က ပြည်ခိုင်ဖြိုးပါတီသို့ အသစ်ဝင်ရောက် လာသော ပါတီဝင်အသစ်များအား ပါတီ၏ရင်ထိုးတံဆိပ်များကို တပ်ဆင်ပေးခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်းကို အခမ်းအနားသို့ တက်ရောက်လာသူများက သံပြိုင်သီဆို၍ အခမ်းအနားပြီးဆုံးခဲ့သည်။

ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့်အတူ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီ ဝင်များ၊ ကျောက်ဆည်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကျောက်ဆည် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးစိုးထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝင်သစ်များ အပါအဝင် စုစုပေါင်းအင်အား ၁၃ဝဝ ဦး တက်  ရောက်ခဲ့ကြောင်း သိရသည်။ ကျောက်ဆည်မြို့နယ် ကလိုင်ကျော်ကျေးရွာ အုပ်စု ကလိုင်ကျော်ကျေးရွာတွင် ကျင်းပသောရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားတွင် ကျေးရွာအုပ်စုများမှ အသက် (၁၈နှစ်) နှင့်အထက် ပါတီဝင်အသစ် စုစုပေါင်း ၇ဝဝ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သုတ