နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း မိုးသီးကြွေ လေပြင်းတိုက် မိုးကြိုးပစ်ခြင်းများဖြစ်နိုင်ဟု မိုး/ဇလထုတ်ပြန်

ir_enh_asian_0

ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

Boot Camp သို့တက်ရောက်ရန် MyanZen နှင့် GoP အဖွဲ့ကို ရွေးချယ်

13055498_1301478023201056_6074499030859199089_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။  (more…)