ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး ကြေညာချက်ထုတ်ပြန်

13081804_1136480829709399_320826700_n

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးက မေ ၂၅ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၀ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ထွက်ခွာ

MinAH

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့ (မေလ ၂၅ ရက်)  နံနက်ပိုင်းတွင် နေပြည်တော်မှ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

ပြည်ပတင်ပို့ရန် ကန့်သတ်ထားသည့် ပို့ကုန်များထဲမှ သုံးမျိုးကို ဦးစွာဖြေလျှော့တင်ပို့ခွင့်ပြုမည်

13081804_1136480829709399_320826700_n

ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း ၁၂ မျိုးထဲမှ ပန်းနှင်းဆီ (မုန်ညင်း၊ မုန်ညင်းဆီ)၊ နေကြာနှင့် နေကြာဆီ (ဆီကြိတ်ဖတ်အားလုံး) စသည့်သုံးမျိုးကို ဦးစွာ ဖြေလျှော့တင်ပို့ခွင့်ပေးမည်ဖြစ်ပြီး ရက်အတိအကျကို တရားဝင် ကြေညာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။

အဆိုပါကုန်ပစ္စည်းများအပြင် ကျန်ကုန်ပစ္စည်းများထဲမှ အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ ဆက်လက်ဖြေလျှော့မည်ဖြစ်ကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

အင်တာနက်ရှိသည့် မည်သည့်နေရာကမဆို လျှောက်ထားနိုင်သည့် Fully Online License System လာမည့် ဇွန်လတွင် စတင်ဆောင်ရွက်မည်

13081804_1136480829709399_320826700_n

အင်တာနက်ရှိသော မည်သည့်နေရာကမဆို ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထား နိုင်မည့် Full Online License Sysem စနစ်ကို လာမည့်ဇွန်လမှ စတင်ကာ လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း ဆက်လက် ဆောင်ရွက်မည်

နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ (၂၄) ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ရက် ၃ဝ မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ဗီဇာသက်တမ်းကုန် အာဖရိကန်ဘောလုံးသမားများအပါအ၀င် တရားမ၀င်နေထိုင်သူများကို စစ်ဆေး အရေးယူမည်ဟုဆို

13081804_1136480829709399_320826700_n

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများမှ သက်တမ်းကုန် ဘောလုံးသမားများအပါအ၀င် ဗီဇာ သက်တမ်းကုန်ဆုံး နေသူများကို စစ်ဆေးအရေးယူရန်ရှိပြီး စစ်ဆေးရာတွင် ခရီးသွားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ ဘောလုံးအသင်းများတွင် ဘောလုံးကစားရန် အကြောင်းပြချက်ဖြင့် ရောက်ရှိလာပြီး အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးကာ ရက်လွန်နေထိုင်နေသည့် ပြည်ပဘောလုံးသမားများရှိနေပြီး အများစုမှာ အာဖရိကနိုင်ငံများမှ ဖြစ်ကြောင်း ဘောလုံးအသင်းများမှ စုံစမ်းသိရှိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး ၂၀၁၆ ဇူလိုင်၌ စတင်ထိုးနှံပေးမည်

13081804_1136480829709399_320826700_n

ပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေး (PCV-Pneumococcal Conjugate Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်း စီမံချက်တွင်ထည့်သွင်း၍ ၂၀၁၆  ဇူလိုင် ၁ရက်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ပြင်းထန်အဆုတ်ရောင် ရောဂါများသည် အသက် (၂)နှစ် အောက် ကလေးများတွင် ဆေးဝါးကုသမှု အချိန်မီမရရှိပါက သေဆုံးမှုနှုန်းမြင့်မား နိုင်သောကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ယင်းရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၁၆ ဇူလိုင်မှ စတင်၍ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး၊ ထိုးဆေးနှင့် အတူ ယင်းပြင်းထန်အဆုတ်ရောင် ရောဂါကာကွယ်ဆေးကို ကလေးအသက် (၂)လမှစ၍ သုံးကြိမ်ထိုး နှံပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတောင်တက်အဖွဲ့ မေ ၂၅ ရက် ရန်ကုန်ရောက်မည်၊ တောင်တက်အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်မည်

13221603_1154405301246394_6508753367959389619_n

မြန်မာတောင်တက်အဖွဲ့သည် ယနေ့ (မေ ၂၃ ရက်) တွင် နီပေါနိုင်ငံ Kathmandu မြို့သို့ရောက်ရှိနေပြီဖြစ်ပြီး မေ ၂၅ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ယင်းတောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး သတင်းများ အဆက်မပြတ် တင်ဆက်ခဲ့သည့် Myanmar Flag on Everest ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်နှစ်ခု ထုတ်ပြန်

ရန်ကုန်တိုင်းရှိ ပြည်သူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ အရေးပေါ်အကူအညီ လိုအပ်လျှင်ဖြစ်စေ၊ သတင်းပေးတိုင်ကြားလိုလျှင်ဖြစ်စေ အသစ်ထပ်မံတပ်ဆင်ထားသော တယ်လီဖုန်းနှစ်လုံးသို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့သို့ ၂၄ နာရီ ဆက်သွယ်နိုင်မည်ဆိုသော ဖုန်းမှာ ၀၁-၂၃၁၇၅၂၆ နှင့် ၀၁-၂၃၁၇၅၂၇ တို့ဖြစ်သည်။

Study Abroad Education Road Show 2016 ကျင်းပမည်

13255941_10207090014628619_1742144896647521188_n

Study Abroad Education Road Show 2016 ကို ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးပြပွဲကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မန္တလေးမြို့ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၌လည်းကောင်း၊ ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ Novotel Hotel ပုဂံခန်းမ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။