မြန်မာ့ကော်ဖီ အမေရိကန်ဈေးကွက်သို့ ပထမဆုံးအကြိမ် တင်ပို့မည်

illustration-photo-556732-coffee

မြန်မာ့ကော်ဖီကို ပထမဆုံးအကြိမ်ဖြစ် အမေရိကန်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းသူများ အစုအဖွဲ့မှ သတင်းရရှိသည်။  မြန်မာနိုင်ငံမှ အရည်အသွေးမြင့် အာရေဘီကားကော်ဖီကို ၂၆တန်(ကွန်တိန်နာ ၂လုံး)တင်ပို့နိုင်ရန် သဘောတူထားပြီး စာချုပ်ကို ယခုလ အတွင်း ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းသူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့် က ပြောသည်။

SPA က ပြည်တွင်းရှိ အဖွဲ့ အစည်းလေးခုကို နည်းပညာများ ထောက်ပံ့

13173819_1306519172696941_6297658800852922205_n

ဂျာမနီအခြေစိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် SAP သည် ပြည်တွင်းရှိ အဖွဲ့အစည်းလေးခုကို နည်းပညာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ) ၊ အာရုဏ်ဦး လူမှုတိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့ အစည်း လေးခုအတွက် စီမံခန့်ခွဲမှုဆိုင်ရာတွင် နည်းပညာပိုင်းဆိုင်ရာများကို SAP က အကူအညီ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်အရ ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်

Children Hospital

ကျန်းမာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်မှ ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြည်သူများ လက်လှမ်းမီစေရန် ယခုနှစ်အတွင်း ဆေးရုံတစ်ရာတွင် ကာကွယ်ဆေးထိုး ဆေးခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း နေပြည် တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။ ယင်းကာကွယ် ဆေးထိုး ဆေးခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကလေး အထူးကုဆရာဝန် များရှိသည့် ခုတင်တစ်ရာ နှင့်အထက် ဆေးရုံများ၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတစ်ဝန်းရှိ အလုပ်သမားသုံးသိန်းကျော်ကို ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံသားကတ်များ ပြုလုပ်ပေးမည်

_SAI5253

တစ်နိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် အလုပ်သမား သုံးသိန်းကျော်ကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ယင်းကတ် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနနှစ်ခုကို အစိုးရသစ်လက်ထက်တွင် ပေါင်းစည်းလိုက်ပြီးနောက် ဦးစားပေး စီမံချက် တစ်ခုအဖြစ် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် အလုပ်သမားများကို ရက် ၁၀၀ အတွင်း ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြည်သူ့အင်အားဦးစီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က 7Day Daily သတင်းစာအား ပြောသည်။

ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်

13081804_1136480829709399_320826700_n

အစိုးရသစ်သက်တမ်း တစ်လကျော်လာချိန်တွင် ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက မေလ ၃ ရက်၌ သတင်းထုတ်ပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း တင်သွင်းခွင့်ရထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့တွင် ဒုဝန်ကြီးတစ်ဦးစီ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ မေလ ၃ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် မြင့်နွယ်နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် သန်းထွဋ်တို့အား ခန့်အပ်တာဝန်ပေးလိုက် ခြင်းဖြစ်သည်။

ဒေသခြောက်ခု နေရာကွက်မိုးကြီးနိုင်၊ ချင်းပြည်နယ်၌ မြေပြိုအန္တရာယ်သတိထားရန် ဒေါက်တာထွန်းလွင် သတိပေး

TMD

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ချင်းပြည်နယ်၌ မြေပြိုမှုအန္တရာယ် ကြိုတင်သတိထားရန် ဒေါက်တာထွန်းလွင်က သတိပေးသည်။ တိဗက်ကုန်းမြေမြင့်ပေါ်သို့ ထိုးဆင်းလာသော လေအေးများနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေနွေးများ ထိတွေ့မှုဖြစ်ပြီး ဟိမဝန္တာ တောင်ခြေ တစ်လျှောက်တွင် မိုးတိမ်တောင်များတန်းစီ၍ ဖြစ်ပေါ်နေပြီး အဆိုပါမိုးတိမ်တောင်များ ပိုမိုအားကောင်းလာကာ အထက်ပိုင်းဒေသများ၌ နေရာကွက်၍ မိုးသည်း ထန်စွာ ရွာနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။ မေလ ၅ ရက်တွင် နေရာကွက်ကျား မိုးသည်းထန်စွာ ရွာနိုင်သော ဒေသများအဖြစ် ချင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ကချင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတို့ကို သတိပေးထားသည်။

ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ လုပ်မယ်

Lottery-prize-shwe-la-min-myat-su-kadae-aung-bar-lay

ပြည်တွင်းက ၀င်ငွေနည်းလူတန်းစားတွေ ကံစမ်းနိုင်မယ့် ကျပ် ၅၀ တန် အီလက်ထရောနစ်ထီ စနစ်ကို အကောင်အထည်ဖော် သွားဖို့ရှိတယ်လို့ သိရပါတယ်။

 ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းတွေကနေ ထီထိုးနိုင်တော့မှာဖြစ်ပြီး လွှတ်တော်မှာ အောင်ဘာလေထီ ဥပဒေကို ပြဌာန်းပြီးရင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လတ်တလောဖွင့်လှစ်နေတဲ့ အောင်ဘာလေ ထီဆုကိုလည်း အမြင့်ဆုံးဆု ကျပ်ငွေသိန်း တစ်သောင်းထိ တိုးမြှင့်ပေးသွားဖို့စီစဉ်နေပြီး ကျပ်၂၀၀ တန်ထီ လက်မှတ်အပြင် ကျပ်၅၀၀တန် ထီလက်မှတ်တွေလည်း ထုတ်ဝေရောင်းချ ပေးသွားဖို့ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာန ညွန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကွန်ရက်ချဲ့နိုင်ခဲ့ခြင်းကြောင့် တယ်လီနောကုမ္ပဏီအုပ်စု ၀င်ငွေစံချိန်တင်

k11

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ၂၀၁၆ ပထမ သုံးလပတ်၌ နော်ဝေးအခြေစိုက်တယ်လီနောအုပ်စုသည် စံချိန်တင် ၀င်ငွေရရှိခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၄ အောက်တိုဘာတွင် ဆက်သွယ်ရေး ကွန်ရက်စတင်ခဲ့ပြီး ဒုတိယဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်ထားကာ ၀င်ငွေရရှိမှု တိုးတက်ရှိနေကြောင်း၎င်းတို့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။