အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၀၀၀၀ အထိ ရရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်စနစ် အစိုးရသစ် ရက် ၁၀၀ အတွင်း အကောင်အထည် ဖော်မည်

13081804_1136480829709399_320826700_n

အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ရရှိမည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကိုတင်ပြထားပြီး အစိုးရသစ် ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြား ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် MOI Webportal Myanmar တွင် သတင်းထုတ်ပြန်ထားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရန်လွှတ်တော် အကြောင်းကြားလျှင် ကျင်းပပေးမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ပြော

လွှတ်တော်တွင်းရှိ လွှတ် တော်ကိုယ်စားလှယ် လစ်လပ်နေရာများအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပပေးရန် လွှတ်တော်မှ အကြောင်းကြားစာပေးပို့လာပါက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr.Andrew Patrick နှင့်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက မေလ ၁၈ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံရာတွင် ဦးလှသိန်းက ယင်းသို့ ပြောကြားဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မေ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့လာရောက်မည်

13241354_1164729426891387_1072210752114088668_n

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် မေလ (၂၂) ရက်တွင် မြန်မာနိုင်ငံသို့ လာ ရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီသည် ၎င်း၏ အာရှ-ပစိဖိတ်ခရီးစဉ်အဖြစ် မေ (၁၄) ရက်မှ (၂၆) ရက်အထိ မြန်မာနိုင်ငံအပါအဝင် ဆော်ဒီအာရေးဗျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် ဗီယက်နမ်နိုင်ငံများသို့ သွား ရောက်မည်ဖြစ်ကြောင်း မေ (၁၃) ရက်စွဲဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနှစ်ဦး ဧဝရက်တောင်ကို တက်ရောက်နိုင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်ကြေညာ

13245393_1152215558132035_1009591159537519116_n

မြန်မာတောင်တက်သမားနှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကိုတို့ သည် ယနေ့ (မေ ၁၉ ရက်) နံနက် (ဒေသစံတော်ချိန်) ၇ နာရီ ၇ မိနစ်က ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရတ်တောင်အား အောင်မြင်စွာ တက်ရောက်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံစိုက်ထူ၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည့် အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိစစ်သည်များ၊ မိသားစုဝင်များက လှိုက်လှဲစွာ ဂုဏ်ယူ ဝမ်းမြောက် ပါကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဇွန်လ (၁၉) ရက်တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်း၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ရှိဟု မိုးဇလသတိပေး

RUNU

ဆိုင်ကလုန်းမုန်တိုင်း ရွန်နူ၏ အ၀န်းအ၀ိုင်းထဲကို ပြည်နယ်/တိုင်း ၄ ခု သက်ရောက်မှု အန္တရာယ်ခံစားရနိုင်သည့် အတွက် မုန်တိုင်းကို လိမော်ရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မိုးလေ၀သဌာနက ကြေညာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ မုန်တိုင်းအ၀န်း အ၀ိုင်းထဲရောက်ရှိပြီး မုန်တိုင်းအန္တရာယ်ရှိနေကြောင်း မိုးဇလသတင်းမှာ ဖော်ပြထားပါတယ်။

MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်းပြီး အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် ထားရှိမည်

13217581_811142359019982_2220788631416337538_o

MPC ကို NRPC ဟု ပြောင်းလဲဖွဲ့စည်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနအောက်တွင် အစိုးရအဖွဲ့အစည်း တစ်ရပ်အဖြစ် ထားရှိမည်။

(၂၁)ရာစုပင်လုံညီလာခံကျင်းပရေး အကြိုပြင်ဆင်ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ပတ်အတွင်း ဖွဲ့၍ လုပ်ငန်းကို အရှိန်မြှင့်လုပ်ကိုင်မည်။

NCA အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ပြန်လည်သုံးသပ်ပြင်ဆင်မည်။

UPDJC(ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) အမြန်ဆုံးပြင်ဆင်ဖွဲ့စည်းမည်။

နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း လျှောက်လွှာများ စတင်ခေါ်ယူ

13245301_10207057416773693_725745541681256127_n

ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးကာ နိုင်ငံတကာဆက်ဆံရေး ပညာ ဒီပလိုမာသင်တန်းကို ဇွန်လ ၁၀ ရက်မှစတင်ကာ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းအား တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ တက်ရောက်ပြီးပါက Diploma in International Relations အောင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။

ဧဝရတ်တောင်ထိပ်တွင် မြန်မာအလံ ပထမဆုံး စိုက်ထူနိုင်တော့မည်

Htoo

အန္တရာယ်ကြီးမားလှသည့် ရေခဲပြိုကျမှုများကြောင့် နှစ်နှစ်ဆက်တိုက် တောင်တက်ခရီးစဉ်များ ရပ်နားထားခဲ့ရသော ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်တွင် မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူစွာဖြင့် စိုက်ထူနိုင်တော့မည်ဖြစ်ကြောင်း ထူးဖောင်းဒေးရှင်းက သတင်းထုတ်ပြန်လိုက်သည်။

မြန်မာတောင်တက်သမားလူငယ် သုံးဦးအနက် နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်နှင့် ကိုဝင်းကိုကို တို့နှစ်ဦးသည် မေ လ (၁၆) ရက်နေ့က အမြင့် ၆,၄ဝဝ မီတာရှိသော Camp-2 သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး မေလ (၁၇) ရက် နံနက် ၆ နာရီခန့်တွင် အမြင့် (၇,၁၆၂)မီတာရှိသော Camp-3 သို့ တက်ရောက်မည်ဖြစ်သည်။

လိပ်ကျွန်းအမှု သေဒဏ်ကျ မြန်မာနှစ်ဦး မေ ၂၃ ရက်တွင် အယူခံဝင်မည်

13081804_1136480829709399_320826700_n

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနှစ်ဦးအတွက် မေလ (၂၃) ရက်တွင် အယူခံ ဝင်သွားမည် ဖြစ်ကြောင်း အဆိုပါအမှုတွင် လိုက်ပါကူညီဆောင်ရွက်နေသူ ဦးစိန်ဌေးက ပြောကြားသည်။

စာမျက်နှာပေါင်း နှစ်ရာကျော်ရှိသည့် အဆိုပါ အယူခံလွှာကို ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ထိုင်းရှေ့နေ များအဖွဲ့က မေ ၂၃ ရက် နံနက် ၉ နာရီတွင် ကော့မမွေ အယူခံတရားရုံးသို့ တင်သွင်းကြမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။