နိုင်ငံတကာဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း လျှောက်လွှာများ စတင်ခေါ်ယူ

13245301_10207057416773693_725745541681256127_n

ရန်ကုန်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးကာ နိုင်ငံတကာဆက်ဆံရေး ပညာ ဒီပလိုမာသင်တန်းကို ဇွန်လ ၁၀ ရက်မှစတင်ကာ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းအား တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပြီး သင်တန်းကာလ ၉ လ တက်ရောက်ပြီးပါက Diploma in International Relations အောင်လက်မှတ်ကို ရရှိမည်ဖြစ်သည်။

သင်တန်းတက်ရောက်မည့်သူများသည် ဝင်ခွင့်အနေဖြင့် ရေးဖြေစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ပြီး မေလ ၂၇ ရက်တွင် ဖြေဆိုရမည်ဖြစ်သည်။ မေလ ၁၇ ရက်မှ မေလ ၂၄ ရက်အထိ လျှောက်လွှာများကို နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ဝေသာလီဆောင်တွင် ထုတ်ယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာများကို မေလ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်လွှာတင်ရာတွင် မှတ်ပုံတင်၊ ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များကို မူရင်းယူလာရမည်ဖြစ်ပြီး မိတ္တူနှစ်စုံနှင့် ဓာတ်ပုံလေးပုံဖြင့် လျှောက်ထားရ မည်ဖြစ်သည်။ သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက နိုင်ငံတကာဆက်ဆံရေး ပညာဌာန၊ ရန်ကုန်တက္ကသိုလ်၊ ဖုန်း-၀၁-၅၃၆၀၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်သည်။


Leave a Reply