တနှစ်တာ အကောင်းဆုံး နည်းပြဆု လက်စတာနည်းပြရ

Claudio-Ranieri-Reuters

လိဂ်နည်းပြများအစည်းအရုံး LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လက်စတာနည်းပြ ရေနီယာရီက ရရှိသွားသည်။

အသက် ၆၄ နှစ်အရွယ် အီတာလျံနည်းပြကြီးသည် ပထမဆုံးစတင်တာဝန်ယူသည့် ရာသီမှာပင် လက်စတာအသင်း ကို ပရီးမီးယားလိဂ် ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရေနီရာရီသည် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကိုလည်း ရရှိခဲ့ပြီး ဘရိုက်တန်နည်းပြ ခရစ္စဟုခ်ျတန်က ချန်ပီယံရှစ် နည်းပြဆုကို ရရှိခဲ့ သည်။

ရေနီရာရီသည် ၂၀၀၂ နှင့် ၂၀၀၄ တွင် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးပြီးနောက် ယင်းဆုကိုရရှိသည် ဗြိတိန်နှင့် အိုင်းရစ်လူမျိုး မဟုတ်သည့် ဒုတိယမြောက်နည်းပြဖြစ်လာခဲ့သည်။

လက်စတာနည်းပြသည် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို သုံးကြိမ်ရရှိခဲ့ပြီး အီတလီတွင်လည်း တစ်နှစ်တာအကောင်းဆုံး အီတာလျံနည်းပြဆုကို ပြီးခဲ့သည့်လက ရရှိထားသည်။

Ref; BBC


Leave a Reply