ပြည်သူအရေးအလေးထားမည်-ပြည်ခိုင်ဖြိုးပါတီ


ပြည်သူအရေးအလေးထားမည်-ပြည်ခိုင်ဖြိုးပါတီ

အရေးကြုံတိုင်း-ချိန်မဆိုင်းဘဲ

ရိုင်းပင်းကူမည်-ပြည်ခိုင်ဖြိုးပါတီ။

သူ့ကျွန်မခံ-ဇာတိမာန်

တွန်းလှန်နေမည်-ပြည်ခိုင်ဖြိုးပါတီ။

စည်းကမ်းလည်းရှိ-တာဝန်သိ

အားမာန်ပြည့်သည်-ပြည်ခိုင်ဖြိုးပါတီ။

ပြည်သူအရေး-ဦးစားပေး

အလေးထားသည်-ပြည်ခိုင်ဖြိုးပါတီ။

အရေးသုံးပါး-ဦးထိပ်ထားလျှက်

စိတ်ထားမြင့်မြတ်-အနာဂတ်တွက်

မပြတ်တာဝန်-မြဲကျေ ပွန်မည်

တို့–ပြည်ခိုင်ဖြိုးပါတီ။

ထိန်ဝင်း(ကြည့်မြင်တိုင်)

 

ရန်ကုန်မြို့သမိုင်းတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် အိန္ဒိယသံရုံး အဆောက်အအုံကို အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းပေါ်ရှိ အိန္ဒိယသံရုံး အဆောက်အအုံ၌ မေလ (၃၀) ရက်နံနက်ပိုင်းက အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့သည်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) က သတင်းထုတ်ပြန်သည်။

ယင်းအဆောက်အအုံသည် ရန်ကုန်မြို့သမိုင်းတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အတွက် အပြာရောင်ကမ္ဗည်းပြား ပထမဆုံးတပ်ဆင်ခံရသည့် အိန္ဒိယအမွေအနှစ် အဆောက်အအုံ တစ်လုံးပင် ဖြစ်သည်ဟု YHT က သတင်းထုတ်ပြန်သည်။

ချင်းပါတီသုံးခု တစ်ပါတီတည်းပေါင်းစည်းရန် သဘောတူ

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ချင်းတိုင်းရင်းသားပါတီများ ပေါင်းစည်းရေးအတွက် ချင်းပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား နိုင်ငံရေးပါတီသုံးခုတို့ သဘောတူညီချက်ရရှိခဲ့ကြောင်း ယင်းပါတီများထံမှ သတင်းရရှိသည်။

ချင်းအမျိုးသားဒီမိုကရက် တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် တစ်ပါတီတည်းအဖြစ်ပေါင်းစည်းရန် ပါတီဥက္ကဋ္ဌများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွေ့ဆုံကာ သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေများ စတုတ္ထအကြိမ် ပြင်ဆင်မှု ပြည်သူ့လွှတ်တော်ပေးပို့ချက်အတိုင်း အမျိုးသား လွှတ်တော် အတည်ပြု

13081804_1136480829709399_320826700_n

ရွေးကောက်ပွဲ ဥပဒေများ စတုတ္ထအကြိမ်ပြင် ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်အတည်ပြု ချက်အတိုင်း အမျိုးသားလွှတ် တော်က မေလ ၃၀ ရက်တွင် ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။

ပုဂံမြို့ရှိ ရှေးဟောင်းအမွေအနှစ်များ ဆက်လက်ပျက်စီးမှုမရှိအောင် အဖိုးထက် မျိုးဆက်တို့ရဲ့ပုဂံ ကမ်းပိန်းကို ဇွန်လပထမအပတ်တွင် ပြုလုပ်မည်

ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ဆက်လက်ပျက်စီးမှု မရှိအောင် ပုဂံကို တန်ဖိုးထား ချစ်မြတ်နိုးသူများက အဖိုးထက် မျိုးဆက်တို့ရဲ့ ပုဂံ ကမ်းပိန်းကို ဇွန်လ ပထမအပတ်တွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ထည့်သွင်း ပေးရန် SSEPPL တိုက်တွန်း

မကြာမီကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုထည့်သွင်းရန် နိုင်ငံရေးပါတီ ၁၃ ပါတီ ပါဝင်သော ရှမ်းပြည်နိုင်ငံရေးပါတီများ အဖွဲ့ချုပ် (SSEPPL) က အလေးအနက်ထား တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်သည်။

မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သော ရှမ်းပြည်နိုင်ငံရေး ပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး အစည်းအဝေးအပြီး ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်ရှိ ပါတီများပူးပေါင်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသား နိုင်ငံရေးပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းမည်

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများစုစည်းကာ ရှမ်း ပြည်နယ်တိုင်းရင်းသားနိုင်ငံရေး ပါတီများ အဖွဲ့ချုပ်ကို ဖွဲ့စည်း တည်ထောင်ရန် မေလ (၂၉) ရက်တွင် ရှမ်းတိုင်းရင်းသားနိုင်ငံရေး ပါတီများက သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၂၉ ရက်တွင် ရန်ကုန် မြို့ရှိ Orchid Hotel ၌ပြုလုပ်သောရှမ်းပြည်နယ်နိုင်ငံရေးပါတီများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ရေးအစည်းအဝေးကို ယင်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ ၁၃ ပါတီ တက်ရောက်ခဲ့ကာ အဆိုပါပါတီများက ရှမ်းပြည်နယ် တိုင်းရင်းသားနိုင်ငံရေးပါတီများအဖွဲ့ချုပ် တည်ထောင်ရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု အင်းတိုင်းရင်းသားများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်စိုးက ပြောသည်။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဝန်ထမ်းတစ်ထောင်ကျော်ဖြင့် ဖွဲ့စည်းရန်အဆိုပြုထား

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများအဆင့်အထိ ဝန်ထမ်း (၁,၁၃၁) ဦးဖြင့် ဖွဲ့စည်းရန် အဆိုပြုထားကြောင်း သတင်းရရှိသည်။

 ပထမအဆင့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု၏ရုံးချုပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့များကို အစိုးရက နှစ်ဖွဲ့ခွဲ၍ တစ်ပတ်အတွင်း လိုက်လံ တွေ့ဆုံမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီက လာမည့်တစ်ပတ်အတွင်း သွားရောက်ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန် ခံနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဒုဥက္ကဋ္ဌ (၂) ဒေါက်တာတင်မျိုးဝင်း ဦးဆောင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ညှိနှိုင်းမှုများပြုလုပ်မည်ဖြစ် ကြောင်း အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။