မအူပင်ပြည်ခိုင်ဖြိုး ရပ်ကွက်တွင်း ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်အဖွဲ့သည် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ (၉) ရက်နေ့က ငြိမ်းချမ်းရေးကျောင်း၊ ဇေယျာရွှေမြေ ကျောင်း၊ အုဋ္ဌ်လှေကားကျောင်း၊ ဧမြို့ပညာရာမသီလရှင်ကျောင်း၊ မြန်အောင်သီလရှင် စာသင်တိုက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ် (၆) ဈေးပိုင်း အ.မ.ကကျောင်း တို့အား ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည် ။

ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ရွေးချယ်ရေး စည်းဝေး

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ ဇွန်လ (၉) ရ် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီအလုပ် အမှုဆောင်များ ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ပါတီကော်မတီဝင် ဦးချစ်ဦး ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင် များ ရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို လက်ရှိလေး လမ်းသွားစနစ်မှ ရှစ်လမ်းသွားစနစ်အဖြစ် ယခုအစိုးရ သက်တမ်းအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(more…)


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ (၇) ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာ လိုက်သည်။

(more…)


ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်လိုသူများ၏ လျှောက်လွှာများ ဇွန်လ ၂၁ ရက် နောက်ဆုံးထား ပေးပို့ရမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင် လိုသူများ၏ အဆိုပြုလျှောက်လွှာများကို ဇွန်လ (၂၁) ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ယင်းကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုအဆင့် ကော်မရှင်အဖွဲ့ဝင်များကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အတည်ပြု ခန့်အပ်ထားပြီးဖြစ်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်အဆင့်မှ မြို့နယ်အဆင့်အထိ သက်ဆိုင်ရာ ကော်မရှင်များ၏ အဖွဲ့အစည်းဝင်များကိုမူ ရွေးချယ်ခန့်အပ်ခြင်း မရှိသေးပေ။

မြန်မာ-စင်ကာပူနှစ်နိုင်ငံ ရက် ၃ဝ ဗီဇာကင်းလွတ်ခွင့် ဒီဇင်ဘာ ၁ ရက်တွင်စတင်မည်

စင်ကာပူနှင့် မြန်မာ နှစ်နိုင်ငံကြား ဗီဇာကင်းလွတ်ခွင့်ရရှိရေး နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ထိုဗီဇာကင်းလွတ် သွားလာခွင့်ကို ဒီဇင်ဘာ (၁) ရက်မှစတင်၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

(more…)


တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးရဲမြင့် မိသားစု တည်ထောင်ထားသော“မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” ရဲ့ အလှူဒါန

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ဇနီး ဒေါ်မြတ်ငွေ မိသားစုတို့မှ တည်ထောင်ဖွဲ့စည်းထားသော “မြင့်မြတ်ပညာရေးဖေါင်ဒေးရှင်း” မှ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းများသို့ ကျောင်းသုံး ဗလာ စာအုပ်များ သွားရောက်လှူဒါန်း၍ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါသည်။

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံကျင်းပပြီးစီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံအား ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဌအဖြစ် ဦးအောင်မြင့်၊ အတွင်းရေးမှူးအဖြစ် ဦးသာထွန်းအေး ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးမြင့်စိုးဝင်း တို့အား ရွေးချယ် အတည်ပြုခဲ့ကြောင်း သိရသည်။

ရေဖြူပြည်ခိုင်ဖြိုး ကျေးရွာအုပ်စု အမာခံပါတီကေဒါများရွေးချယ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ၊ ဖားချောင်းကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ရွေးချယ်တင်မြောက်ပွဲကို တောင်အင်း ကျေးရွာ ပါတီဝင် ဦးတင်အေး နေအိမ်၌ ယခုလ (၃)ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ရာ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်း (၁) တက်ရောက်၍ ပါတီ ဌာနချုပ်၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။