ရေဖြူပြည်ခိုင်ဖြိုး ကျေးရွာအုပ်စု အမာခံပါတီကေဒါများရွေးချယ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသ၊ ဖားချောင်းကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံကေဒါများ ရွေးချယ်တင်မြောက်ပွဲကို တောင်အင်း ကျေးရွာ ပါတီဝင် ဦးတင်အေး နေအိမ်၌ ယခုလ (၃)ရက် နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ရာ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးကျော်ဝင်း (၁) တက်ရောက်၍ ပါတီ ဌာနချုပ်၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်းနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ကေသီနွယ်တို့က ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသော ရပ်မိရပ်ဖများနှင့် ပါတီဝင်များက ကျေးရွာအုပ်စု ခေါင်းဆောင်၊ ဒုခေါင်းဆောင်များ၊ အမာခံပါတီကေဒါများ စုစုပေါင်း (၁၀) ဦးကို ရွေးချယ် ပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပါတီကော်မတီဝင် (၃) ဦး၊ မြို့နယ်ပါတီကော်မတီ ၀င်များ၊ ကျေးရွာအုပ်စု ပါတီဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။


Leave a Reply