တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း Website နှင့် Facebook တွင် ကြေညာမည်

၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၀က်ဘ်ဆိုက်ဖြစ်သော www.myanmarexam.org နှင့် ပညာရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်တို့တွင် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများ၏ စာစစ်ဌာနအလိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


အစိုးရ၏ မူဝါဒများအပေါ် လူထုသဘောထား တောင်းခံခြင်းများ ဆောင်ရွက်သွားမည်

အစိုးရချမှတ်လိုက်သည့် မူဝါဒများအပေါ် ပြည်သူလူထု၏ သဘောထားတောင်းခံခြင်းများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ သတင်းရရှိသည်။ (more…)


နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ် ဘင်္ဂါလီ နှစ်ရာကျော်အား ထုတ်ပေးပြီးဖြစ်

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေရာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအတွက် ပထမအဆင့် လိုအပ်သည့် နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ် (National Verification Card-NVC) နှစ်ရာကျော် ထုတ်ပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(more…)


ကွမ်းယာရောင်းသူမှစ လုပ်ငန်းရှင်ကြီးများအထိပါဝင်သည့် ရှယ်ယာရှင်စုပေါင်း၍ မကွေးဂျာနယ် စတင်ထုတ်ဝေ

အစုရှယ်ယာရှင်များဖြင့် စုပေါင်းထုတ်ဝေသော မကွေးဂျာနယ်ကို
ဇွန်လ ၁၀ရက်တွင်စတင်ဖြန့်ဝေလိုက်ကြောင်း စီစဉ်သူများက
ပြောကြားလိုက်သည်။
မကွေးဂျာနယ်တွင် သတင်းဆောင်းပါးများကိုသာဦးစာပေးပြီး ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု ၊ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်း၊အစိုးရသစ်ရင်ဆိုင်ကြုံတွေ့နိုင်သောပြဿနာစသည်များကို ဦးစားပေးဖော်ပြကြောင်း
အယ်ဒီတာချုပ်မှပြောသည်။
”ကျနော်တို့ အဓိကအနေနဲ့ ကျင့်ဝတ်ကို လိုက်နာပါတယ်။ လွတ်လပ်ရမယ်၊မျှတရမယ်၊ ကြောက်ရွံ့မှုကင်းရမယ်ဆိုတာ မူပါ
ပြည်သူအတွက်အလေးထားဖော်ဆောင်ပေးဖို့ ရပ်တည်ထားပါတယ်”ဟုတာဝန်ခံအယ်ဒီတာမှဖြေကြားသည်။
ဂျာနယ်မူဝါဒအရကိုက်ညီသော သတင်းပေးပို့ချက်များကိုသာရွေးချယ်မည်
ဖြစ်ပြီး သတင်းခိုင်မှု နှစ်ဘက်အသံမပါပါက အသုံးမပြုကြောင်းရှင်းပြသည်။
ရှယ်ယာရှင်များ၏စည်းကမ်းချက်တွင်လည်း လွှဲပြောင်းရောင်းချခွင့်မရှိ ၊ရောင်းချလိုပါက၊၆လပြည့်စာရင်းရှင်းချိန်တွင် အဖွဲ့၏သဘောတူညီမှုဖြင့်သာရောင်းချခွင့်ရှိသည်ဟုပြောသည်။
တစ်လလှင်သုံးကြိမ်ထုတ်ဝေမည်ဖြစ်ပြီး၁၀ရက်တစ်ကြိမ် ထုတ်ဖြစ်သည်။
ရှယ်ယာရှင်များတွင် အခြေခံလူတန်းစား ကွမ်းယာရောင်းသူမှစ
လုပ်ငန်းရှင်ကြီးများ၊အသင်းအဖွဲ့များစသဖြင့်ပါဝင်သည်။
တစ်ဦးတစ်ယောက်၏ ချုပ်ကိုင်မှုကင်းပြီး
အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့်သာ ကဏ္ဍခွဲ၍ လုပ်ဆောင်ကြကြောင်း
အုပ်ချုပ်မှု အယ်ဒီတာ ဦးအောင်လွင်က ရှင်းပြခဲ့ပါသည်။
မကွေးဂျာနယ်ကို အစုရှင်၄၀ဦးဖြင့် တစ်စုလျှင် ၅၀၀၀၀ သတ်မှတ်ပြီး
အစုပေါင်း၂၅၀သာရောင်းချထားကြောင်းသိရသည်။
အဖွဲ့ကို ဒါရိုက်တာအဖွဲ့၊ရှယ်ယာရှင်အဖွဲ့နှင့်သတင်းပိုင်းဟူ၍ခွဲခြားထားသည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်အဝေး တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီ နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ ဇွန်လ (၇)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုံး မြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရိပ်သာ၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

မကွေးတိုင်းဒေသကြီး တိုင်းအဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေး၊ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေနှင့် တိုင်းအဆင့်ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဇွန်လ (၉) ရက် နံနက် (၉) နာရီ အချိန်က မကွေးတိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိုးညှင်းခရိုင်တာဝန်ခံ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇွန်လ (၉) ရက် နေ့လည် (၁) နာရီအချိန်က ခရိုင် တာဝန်ခံ ဦးကျော်စိုးလေးမှ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရပ်ကျေး “ပ” “ဒု” စည်းမှူးများ ခန့်အပ်တာဝန်ပေးအပ်ပွဲနှင့် ကတိသစ္စာပြုခြင်းကို အစီအစဉ် ပထမပိုင်းတွင် ကျင်းပပြုလုပ်ပြီး အစီအစဉ်ဒုတိယပိုင်းတွင် ဒေသ အလိုက် လူငယ်ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရန် ဆန္ဒမဲဖြင့် မိုးညှင်းလူငယ်ရေးရာ ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် Media ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ကြိုတင်ညှိနှိုင်းအစီအစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးမျက်နှာစုံညီအစည်းအဝေးနှင့်ပြန်လည် ပြင်ဆင်ရွေးချယ်ပွဲပြုလုပ်

တာချီလိတ်ခရိုင်/မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီမျက်နှာစုံညီအစည်းအဝေး နှင့် ပြန်လည်
ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေး အားယနေ့ (၁၀-၆-၂၀၁၆)ရက်နေ့တွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

credit;Htat Pine Soe


ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး အမာခံကေဒါများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမအတွင်း ဇွန်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင် တို့သည် ရပ်/ကျေး (၅၉) အုပ်စုမှ အမာခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁ဝဝ) နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ အပတ်စဉ်ပုံမှန်အစည်း အဝေးကို ဇွန်လ (၈) ရက် နေ့လည် (၁) နာရီအချိန် က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေး၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံမှ ရပ်/ကျေးနှင့် မြို့နယ်အဆင့် ပါတီကော်မတီဝင် ပြန်လည်ရွေးချယ်ရေးတို့အတွက် အသေးစိတ် ဆွေးနွေးခဲ့သည်။