ကချင်ပြည်နယ်ပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ အပတ်စဉ်ပုံမှန်အစည်း အဝေးကို ဇွန်လ (၈) ရက် နေ့လည် (၁) နာရီအချိန် က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေး၌ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံမှ ရပ်/ကျေးနှင့် မြို့နယ်အဆင့် ပါတီကော်မတီဝင် ပြန်လည်ရွေးချယ်ရေးတို့အတွက် အသေးစိတ် ဆွေးနွေးခဲ့သည်။

ပြည်နယ်ပါတီကော်မတီဝင်များမှလည်း မိမိတာဝန်ယူထားသော မြို့နယ်/ ရပ်ကွက်များ အခြေအနေများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ် ပါတီအတွင်းရေးမှူးမှ လိုအပ်ချက်များ ပြန်လည် ဆွေးနွေးညှိနှိုင်း၍ ရုံးပိုင်းဆိုင်ရာ လိုအပ်ချက်များအား မှာကြားဆွေးနွေးခဲ့သည်။

ယင်းအစည်းအဝေးသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံ၊ ပြည်နယ် ပါတီ တွဲဘက်အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဦးဘရန်ရှောင်၊ ဦးမရန်ဘရန်ရှောင်၊ ဦးချစ်ဦး၊ ဦးညွန့်ဝင်း၊ ပြည်နယ်ရုံးအဖွဲ့မှူး ဦးသိန်းထွန်းအေး၊ ပြည်နယ်ရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးထင်လှိုင်မြင့်၊ ဦးမျိုးမင်းထွန်း၊ ဦးကျော်ကိုကိုဟိန်း၊ ဒေါ်လွမ်းနန်း၊ ဒေါ်ဝေေ၀အောင်၊ ဒေါ်ဖြူသီအေး တို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply