နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်သည့် ဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း ဆက်လက် ဆောင်ရွက်မည်

နိုင်ငံတော်အားနှောင့်ယှက် ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ အား ရုပ်သိမ်းသည့် ဥပဒေကြမ်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မေလ (၂၄) ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ရက် ၃ဝ မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသားလွှတ်တော်သို့ပေးပို့ခဲ့ရာတွင် ယင်းဥပဒေနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၌ ဆွေးနွေးခဲ့ရာတွင် ကန့်ကွက်သူမရှိဘဲ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာသည့်အတွက် ယင်းဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ်စလုံးက သဘောတူညီသည်ဟု မှတ်ယူသည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသည်ဟုမှတ်ယူပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂ နည်းဥပဒေ (၈)နှင့် (ဃ)တို့အရ နိုင်ငံတော်အား နှောင့်ယှက်ဖျက် ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ အားရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းသိရသည်။


Leave a Reply