Study Abroad Education Road Show 2016 ကျင်းပမည်

13255941_10207090014628619_1742144896647521188_n

Study Abroad Education Road Show 2016 ကို ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်များတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာရေးပြပွဲကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မန္တလေးမြို့ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၌လည်းကောင်း၊ ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ Novotel Hotel ပုဂံခန်းမ၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပြပွဲတွင်မတူညီသည့် နိုင်ငံတကာ ပညာရေးစနစ်များနှင့် ကြိုတင်ပြင်ဆင်သင့်ပုံများ၊ မြန်မာကျောင်းသားများ မိမိပညာရေး နှင့်အညီ ရွေးချယ်နိုင်မည့် ဘာသာရပ် ဆိုင်ရာ လမ်းကြောင်းများ၊ ကျောင်းလျှောက်ထားရာတွင် ရွေးချယ် မှု မှန်ကန်စေရန် သတိပြုရမည့်အချက်များ၊ နိုင်ငံတကာရှိ အလုပ်အကိုင် အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင် လေ့လာသင့်ပုံများ၊ ဘာသာရပ်ကင်းလွတ်ခွင့်များနှင့် ဘွဲ့လွန်ပညာရပ် ဆက်လက်ရွေးချယ် တက်ရောက်နိုင်ခွင့်များ၊ နိုင်ငံတကာ ပညာရေး လမ်းညွှန်များကို ရယူလေ့လာနိုင်မည် ဖြစ်သည်။ ထို့ပြင် ဘာသာရပ်အလိုက် Workshop များကိုလည်း တက်ရောက်နိုင်မည်ဖြစ်သည်။

ပြပွဲသို့ တက်ရောက်လိုသူများအနေဖြင့် Study Abroad Information Centre ဖုန်း- ၀၉၅၁၅၁၀၀၈၊ ၀၉၇၃၂၄၂၄၀၄ သို့ ဆက်သွယ်မေးမြန်း တက်ရောက်နိုင်မည် ဖြစ်သည်။


Leave a Reply