အင်တာနက်ရှိသည့် မည်သည့်နေရာကမဆို လျှောက်ထားနိုင်သည့် Fully Online License System လာမည့် ဇွန်လတွင် စတင်ဆောင်ရွက်မည်

13081804_1136480829709399_320826700_n

အင်တာနက်ရှိသော မည်သည့်နေရာကမဆို ပို့ကုန် သွင်းကုန်လိုင်စင် လျှောက်ထား နိုင်မည့် Full Online License Sysem စနစ်ကို လာမည့်ဇွန်လမှ စတင်ကာ လုပ်ဆောင်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

လျှောက်ထားနိုင်မည့် ကုန် ပစ္စည်းများက အထည်ချုပ်(CMP) ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း၊ လယ်ယာ ထွက်ကုန် ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း အချို့နှင့် စုစုပေါင်းကုန်ပစ္စည်း အမယ် ၄၀ ကျော်ကို စတင်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

‘‘အွန်လိုင်းက လိုင်စင် လျှောက်တာက အရင်ကလည်း ရှိပါတယ်။ အရင်စနစမှာ လိုင်စင်လျှောက်လို့ရတယ်။ ထုတ်တဲ့အခါ ၀န်ကြီးဌာနမှာ လာထုတ်ရတယ်။ အခုက လိုင်စင်လျှောက်တာရောထုတ်ပေးတာပါ အွန်လိုင်းကနေ လုပ်ပေးမယ်’’ဟု အဆိုပါ အကြီးတန်းအရာရှိကပြောသည်။ ပို့ကုန်သွင်းကုန်လိုင်စင်ကိုအွန်လိုင်းမှ လျှောက် ထားမည့်သူများသည် Myanmar Trandenet ၀က်ဘ်ဆိုက်တွင် အကောင့်ဖွင့်ရမည်ဖြစ်ပြီး ငွေပေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်နေပြည်တော်ရှိ စီးကူးရုံးများတွင် (E တုံကင်) ၀ယ်ယူရမည် ဖြစ်သည်။

၂၀၁၆ ဇွန်လတွင် စတင်နိုင်ရန် လုပ်ငန်းအဆင့်များ ရှင်းလင်းခြင်းနှင့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ပြီး ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ရာတွင် သတ်မှတ် ထားသော ကုန်ပစ္စည်း အမယ်၄၀ ကျော်ကို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် ကုန်ပစ္စည်းများ အားလုံးအတွက် အွန်လိုင်းမှ လိုင်စင်လျှောက်ထားနိုင်အောင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


Leave a Reply