နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း မိုးသီးကြွေ လေပြင်းတိုက် မိုးကြိုးပစ်ခြင်းများဖြစ်နိုင်ဟု မိုး/ဇလထုတ်ပြန်

ir_enh_asian_0

ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ် ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ယမန်နေ့က သတင်းထုတ်ပြန်သည်။ နေ့အပူချိန် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် လေထု မငြိမ်သက်မှု နှင့်အရှေ့ဘက်မှ အနောက် ဘက်သို့ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မိုးထစ်ချုန်း ရွာသွန်းခြင်း နှင့် အတူ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း များကို ဧပြီ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထူးခြားမိုးလေ၀သ အခြေအနေဟု သတိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။

သတိပေးချက်တွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့၌ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင် ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် နေရာ ကွက်ကျားနှင့် နေရာ ကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။ ‘‘မြန်မာနိုင်ငံအထက်ပိုင်းက မိုးရွာရင် မိုးသီးကြွေတတ်တော့ ပိုသတိထားရ မယ်။ မြန်မာနိုင်ငံ အောက်ပိုင်း ကတော့ မိုးကြိုးပစ်တာအဖြစ်များတော့ ပိုသတိထားရမယ်’’ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုညွှန် ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် မိုးထစ်ချုန်းရွာလေ့ရှိသော်လည်း မိုးရွာသွန်းစဉ် မိုးသီးကြွေခြင်း သည် ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး မိုးကြိုးပစ်ခြင်းသာ ကြုံတွေ့ရမှုများသောကြောင့် မိုးကြိုးပစ်ခြင်းကိုသာ သတိထားရန် ဦးလှထွန်းက သတိပေးသည်။မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းသည် မိုးမရွာသွန်းမီ မိုးများအုံ့လာပြီး လျှပ်စီးလက်မည်၊ လေပြင်းတိုက်မည် ဆိုပါက မိုးရေတွင် မိုးသီးများပါလာတတ်သဖြင့် သတိထားရန် ၎င်းကပြောသည်။ သို့သော် ယခင်အပတ်က မိုးတိမ်တောင်ရာသီဥတုကို မှန်ကန်စွာခန့်မှန်းသတိပေး ခဲ့သည့်မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကမူ မိုးဇလကထုတ်ပြန်သော ထူးခြား မိုးလေ၀သဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီ ၂၉ ရက် ည ၉ နာရီအထိ မည်သည့် ထုတ်ပြန် ချက်မှ မပြုလုပ်ပေ။


Leave a Reply