ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး မူဝါဒ ငါးချက်ဖြင့် ဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရဆို

13081804_1136480829709399_320826700_n

ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် မူဝါဒ ငါးရပ်ချမှတ်ထားပြီး လုပ်ငန်းကော်မတီ ၁၃ ခုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိ သည်။ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အပြည့်အ၀ဖော် ဆောင်မည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသအတွင်း လွတ်လပ်၊ လုံခြုံ၊ အေးချမ်း ရေး အမြန်ဆုံးဆောင်ရွက်မည် ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ သန့်ရှင်းသည့် အုပ်ချုပ်မှု စနစ်နှင့် ကောင်းမွန်သည့် အစိုးရတစ်ရပ်ကို ဖော်ဆောင်၍ ဒေသတွင်းလူနေမှုဘ၀နိမ့်ကျနေခြင်းမှ အမြန်ဆုံး လွတ်မြောက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဟု ချမှတ်ထားသည့် မူဝါဒများနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့က မီဒီယာများအား ရှင်းလင်းထားသည်။ ထို့အပြင် ဒီမိုကရေစီစံချိန် စံညွန်းများနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ မူဝါဒများကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် အစိုးရ အဖွဲ့ဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြင်ပမှ တတ်သိ ပညာရှင်နှင့် မြို့မိမြို့ဖများပါဝင် သော လုပ်ငန်းကော်မတီ ၁၃ ခုကို ဖွဲ့စည်းထားကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။


Leave a Reply