မိုးတိမ်တောင်အန္တရာယ်လတ်တလောလျော့ကျ

  ir_enh_asian

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် မိုးတိမ်တိုက်   အားလျော့သွားသောကြောင့် လတ်တလော၌ မိုးတိမ်တောင်အန္တရာယ် လျော့ကျသွားပြီဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင် ကပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် မိုးတိမ်တောင်ကြောင့်ဖြစ်သည့် လေပြင်းကျခြင်း နှင့် မိုးသီးကြွေခြင်း ငါးရက်ဆက် ဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး အိမ်ခြေ အဆောက်အအုံ ၂၀,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ကယ်ဆယ်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။ စစ်ကိုင်း၊မကွေး၊ မန္တလေးတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ တွင် ဧပြီ ၂၁ ရက်မှ ၂၅ ရက် အထိ လေပြင်းကျခြင်းနှင့် မိုးသီးကြွေ ကျခြင်းတို့ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလူ ကိုးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ခုနစ်ဦး၊ ရှမ်းပြည်နယ် တွင် ငါးဦးသေဆုံးခဲ့ခြင်းဖြစ် သည်။ အိမ်နှင့် အဆောက်အအုံ ပျက်စီးမှုမှာ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ မိုးတိမ်တောင် ဖြစ်ပေါ်စေသော တိမ်တိုက်မှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အနည်းငယ် ကျန်နေသေး ပြီးရင်ဆိုင်ခဲ့ရသော သဘာဝဘေးကဲ့သို့ အန္တရာယ်မရှိတော့သော်လည်း   မိုးကြိုကာလ လေထုမတည်ငြိမ် ဖြစ်လေ့ရှိသောကြောင့် မေလလယ်ခန့်အထိ သတိပြုရန်လိုကြောင်း ဒေါက်တာ ထွန်းလွင် က သတိပေးသည်။


Leave a Reply