နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စား ပြု လူငယ်များအား တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တွေ့ဆုံ

မန္တလေး၊ မေ ၂၈

နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် လူငယ်ညီလာခံသို့ တက်ရောက်မည့် မန္တလေးတိုင်းဒေသကြီး ပါတီကိုယ်စားပြုလူငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က တွေ့ဆုံ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ သည်။

ထိုသို့တွေ့ဆုံရာသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီလူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ ခရိုင်နှင့် မြို့နယ်ပါတီများမှ လူငယ်ရေးရာတာဝန်ခံများ၊ လူငယ်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၉ဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံကြရာတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က လူငယ်ညီလာခံတက်ရောက်မည့် ကိုယ်စား လှယ်များအား လူငယ်ညီလာခံတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းမှာကြား၍ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ခရီးစဉ် တစ်လျှောက်နှင့် နေပြည်တော်တွင် နေထိုင်စဉ်အတွင်း စည်းကမ်းတကျရှိရေး ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဒေါ်သိင်္ဂီအောင်က သွားလာရေးဆိုင်ရာကိစ္စများ အစုအဖွဲ့လိုက် ဆွေးနွေးပွဲ ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ် တွင် ကျင်းပမည့် လူငယ်ညီလာခံသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များမှ လူငယ်တာဝန်ခံများနှင့် လူငယ်ကိုယ်စားလှယ် ၄၉ ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သုတ(မန္တလေး)