ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကရင်ပြည်နယ်ရှိ ပါတီများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ဘားအံ၊ မေ ၂၆

ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့သည် ယမန်နေ့ညနေ ၄ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံးတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံကြရာတွင် ပါတီအချင်းချင်း ရင်းနှီးစွာဆက်ဆံရေး၊ တူညီသည့်သဘောထားများနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် လေးစားတန်ဖိုးထားရေးကိစ္စများကို ရင်းရင်းနှီးနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အဖွဲ့၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးစောမြတ်ထွဋ်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးစောချစ်သန်း၊ အတွင်းရေးမှူး (၁) ဦးစောမြင့်ထွေး၊အတွင်းရေးမှူး (၂) ဒေါ်နော်သဇင်တုပ်၊ ဖလုံ – စဝေါ် ဒီမိုကရက်တစ်ပါတီမှ ဦးစောခင်ဝင်းအောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်အတွင်းရေးမှူး ဦးစန်းကို၊ ဘဏ္ဍာရေးမှူး ဦးစောဝင်းထိန်တို့ တက်ရောက်ခဲ့သည်။

 နဒီ