ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာသိ ကြေညာရဲတဲ့ပါတီဟာ ပြည်ခိုင်ဖြိုးဖြစ်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကုန်းရွာကျေးရွာအုပ်စု သျှင်ငယ်ပြေးကျေးရွာတွင် မေ ၂၆ ရက်က လည်းကောင်း၊ ကျောက်ဆည်မြို့နယ် ကလိုင်ကျော်ကျေးရွာအုပ်စု ကလိုင်ကျော်ကျေးရွာတွင် မေ ၂၇ ရက်က လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများကို ကျင်းပခဲ့ရာ အဆိုပါအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားများတွင် ပါတီဝင်သစ်များအဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် သျှင်ငယ်ပြေးကျေးရွာမှ ဦးလှကြည်နှင့် ကလိုင်ကျော်ကျေးရွာမှ ကိုအောင်ဖြိုးဦးတို့၏ ပါတီဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည်။

ဦးလှကြည်(သျှင်ငယ်ပြေးကျေးရွာ)
————————————–
ကျွန်တော်တို့ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီ ဝင်ရသလဲဆိုရင် … ကမ္ဘာရှိသရွေ့ ဗမာပြည်ရှိမယ်။ မြန်မာ ပြည်ရှိသရွေ့ ပြည်ခိုင်ဖြိုးပါတီရှိရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထူထောင်ထားတဲ့ ပါတီ။ ပြီးတော့ ဒီပါတီအနေနဲ့ မြန်မာပြည်ပိုင်တဲ့မြေကို တစ်လက်မတောင် မဆုံးရှုံးစေရဘူးဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကာကွယ်မယ်ဆိုတဲ့ပါတီ ဖြစ်လို့၊ ပြည်ခိုင်ဖြိုးပါတီကြီးဟာ အမျိုးဘာသာ၊သာသနာအကျိုးကို အမြဲကြိုးစားလုပ်ဆောင်နေတဲ့ ပါတီဖြစ်ပြီး တော့ ထာဝရတည်မြဲနေအောင်လည်း စောင့်ရှောက်ပေးနေတဲ့ ပါတီဖြစ်နေလို့၊ ဒါ့အပြင် ပြည်ခိုင်ဖြိုးပါတီဟာ ကိုယ့်နိုင်ငံအချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲနေအောင် အစိုးရ၊ တပ်မတော်တို့နဲ့ပေါင်းပြီး ကာကွယ်နေတဲ့ ပါတီကြီးလည်းဖြစ်တယ်လို့ ယုံကြည်ထားလို့၊ ဒါတင်မကသေးဘူး ပြည်ခိုင်ဖြိုးပါတီအစိုးရ ဦးသိန်းစိန်လက်ထက်က နိုင်ငံတည်ငြိမ်းအေးချမ်းတာ၊ အောက်ခြေအထိ ပြည်သူတွေရဲ့စီးပွားရေးဖွံ့ဖြိုးလာတာတွေကို ခံစားခဲ့ရလို့ အဲဒီပါတီကြီးကို အားကိုးအားထားတဲ့အတွက်လည်း ဖြစ်လို့၊ နောင်မှာလည်း ပြည်ခိုင်ဖြိုးပါတီကြီး အနိုင်ရပြီး အစိုးရပြန်လုပ်တာကို မြင်ချင်၊ တွေ့ချင်၊ ခံစားချင်လို့၊ ပြီးတော့ ကျွန်တော်တို့ နိုင်ငံလူမျိုးစာရင်းမှာမပါတဲ့ ရိုဟင်ဂျာလူမျိုးမရှိဘူးဆိုတာ ကမ္ဘာသိ ရဲရဲတင်းတင်း ကြေညာရဲတဲ့ပါတီဟာ ပြည်ခိုင်ဖြိုးဖြစ်နေလို့နဲ့ ကိုယ့်နိုင်ငံရဲ့ အရေးကိစ္စတွေကို ဘယ်တိုင်းပြည်ကမှ ဝင်မစွက်အောင် ကြားဝင်သွေးထိုးမရအောင် လုပ်ဆောင်ရဲတဲ့ပါတီကြီး ဖြစ်နေလို့နဲ့ နောင်အနာဂတ် ကျွန်တော်တို့နိုင်ငံကို မှန်မှန်ကန်ကန် ဦးဆောင်နိုင်မယ့် တစ်ခုတည်းသောပါတီကြီး ဖြစ်တယ်လို့ ကျွန်တော်တို့က အခိုင်အမာယုံကြည်လို့ အခုကဲ့သို့ ပါတီဝင်ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဝင် ရဲဘော်အားလုံးဟာ စည်းလုံးညီညွတ်မှုရှိရှိ၊ သစ္စာရှိရှိ၊ သတ္တိရှိရှိဖြင့် မှန်ကန်သောစည်းရုံးရေး လက်နက်ကို အသုံးပြုကာ ပြည်သူတစ်ရပ်လုံး ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်ထောက်ခံမှုရှိလာစေရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရရှိရေးတို့ကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ ပါတီနှင့်ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားအပ်ပါသည်။

အောင်ဖြိုးဦး(ကလိုင်ကျော်ကျေးရွာ)
—————————————-
ပြည်ခိုင်ဖြိုးပါတီကို ကျွန်တော် ဝင်ရောက်ရခြင်းအကြောင်းကို ရှင်းပြလိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံတော်ကို ဒီမိုကရေစီစနစ် စတင်ဖော်ဆောင်ပေး ခဲ့တဲ့ပါတီဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်ကနေ ၂ဝ၁၅ ခုနှစ်အထိ နိုင်ငံတော် အစိုးရအဖြစ် တာဝန်ယူစဉ်ကလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက် ပေးခဲ့ပါတယ်။ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ တိုးတက်အောင်လည်း ဆောင်ရွက်ပေးခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့နိုင်ငံရဲ့အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ပြည်သူ၊ တပ်မတော်နဲ့အတူ လက်တွဲကာကွယ် စောင့်ရှောက်သွားမယ်လို့ ယုံကြည်သလို အမျိုးဘာသာသာသနာ ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ထာဝရတည်တံ့နေအောင် ကြိုးစားလုပ်ဆောင်နေတဲ့ပါတီလည်း ဖြစ်ပါ တယ်။ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီးတော့လည်း မိမိတို့နိုင်ငံရဲ့ လူမျိုးတွေမှာ ရိုဟင်ဂျာလုံးဝမရှိတဲ့ အကြောင်းကို ကမ္ဘာသိရဲရဲဝံ့ဝံ့ကြေညာခဲ့တဲ့ပါတီဖြစ်သလို အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက် ပေးနေတဲ့ပါတီလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်က ဒီကနေ့မှစပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ပါတီဝင်များအနေနဲ့ ပါတီနဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးလုပ်ငန်း များ မိမိနိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်များကို တပ်မတော်၊ ပါတီဝင်များ၊ ပြည်သူလူထုနဲ့ အတူ ဝိုင်းဝန်းကူညီဆောင်ရွက်သွားမှာဖြစ်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ဖို့အတွက်လည်း ပါတီဝင် တစ်ဦးအနေနဲ့ ကျရာ အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။