တနိုင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှုသင်တန်း (၁/၂ဝ၁၈) ဆင်းပွဲကျင်းပ

 

ဗန်းမော် သြဂုတ် ၁၄

ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကြီးမှူး ကျင်းပခဲ့သော အမျိုးသမီးအိမ်တွင်းမှု သင်တန်း ၁/၂ဝ၁၈ ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီက တနိုင်းမြို့ မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ပါတီအရန်ကော်မတီဝင် ဦးကေဆန်အောင်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်ကို၊အတွင်းရေးမှူးဦးဘောမ်ဆောင်နှင့်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ သင်တန်းဆရာဆရာမများနှင့်သင်တန်းသူ များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၅ဝ တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲကျင်းပမည်

 

မြစ်ကြီးနား သြဂုတ် ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူး၍ အသက် ၁၈နှစ်အောက် ဘောလုံး ပြိုင်ပွဲအား ယခုလ ၂၄ ရက်မှ စတင်ကာ အောက်တိုဘာ ၁ဝရက် အထိ နားရက်မရှိ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးအားကစားကွင်း အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှူးရုံးအစည်းအဝေး ခန်းမတွင်ကျင်းပသည့် ပြိုင်ပွဲ ကျင်းပရေးညှိနှိုင်းအစည်းအဝေး တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းလှူ

 

ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းလှူပူဇော်ပွဲကို သြဂုတ် ၁ဝ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် ၌ကျင်းပရာ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော် မတီဝင် ဦးစိုင်းသိန်းထွန်း၊ မြို့နယ်နှင့်ရပ်ကွက်ပါတီကော်မတီဝင် များ၊ ပါတီဝင်များက ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပူဇော်ကြစဉ်။

ဝင်းအောင်(မိုးကောင်း)


ပါတီအောင်နိုင်ရေးကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ မြစ်ကြီးနားမြို့နယ်ပါတီရုံး၌ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ ၂ဝ၁၈ခုနှစ် ပါတီစုံဒီမိုကရေစီကြားဖြတ် ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေးကော်မတီဝင်များ သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီက တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပစဉ်။

ဝင်းအောင်(မိုးကောင်း)


မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာ သင်တန်းဆင်းပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၆

မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက် နံနက်ပိုင်း က ဝိုင်းမော်မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပ

ဖားကန့်၊ သြဂုတ် ၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ သဘာပတိ ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်းက အမှာစကားပြောကြားပြီး ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းက ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

ပါတီကော်မတီဝင်ကွယ်လွန်ခြင်းအတွက် နာရေးထောက်ပံ့ငွေပေးအပ်

 

ဖားကန့် ဇူလိုင် ၃၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်(သတင်းတာဝန်ခံ) ဦးအောင်သန်းဦး ကွယ်လွန်သွားသည့်အတွက် ပြည်နယ်ပါတီကော်မတီဝင်(မီဒီယာနှင့် သတင်းတာဝန်ခံ) ဦးသန်းအောင်ကိုယ်စား မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ဖားကန့်မြို့နေကွယ်လွန်သူ၏ဇနီးနှင့်မိသားစုထံနာရေးကူညီထောက်ပံ့ ငွေကျပ်တစ်သိန်းသွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ဖားကန့် ဇူလိုင် ၃၁

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အုပ်စု အမှတ်(၁)ရပ်ကွက် စမ်းသီတာကုန်းရှိ ကျေးရွာအုပ်စုပါတီကော်မ တီဥက္ကဋ္ဌ ဦးအေးချို၏နေအိမ်၌ ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲသို့ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးမြအုန်း၊ မိုးညှင်းခရိုင်ပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်း၊ မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်နှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ ပါတီဝင်များတက်ရောက် ကြသည်။