မိုးညှင်းမြို့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်လုပ်ငန်းညှိနှိုင်းစည်းဝေး ကျင်းပရာ မြို့နယ်ဥက္ကဋ္ဌ ဦးလှမိုင်နှင့် ကော်မတီဝင်များ၊ ဒေသတာဝန်ခံများ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြောင်းသတင်းရရှိပါသည်။


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အောင်လောဒ်ဒေသမှ လ၀ါးကက်သလစ်ဘုရားကျောင်းတွင် ခေတ္တ မှီခိုနေကြသည့် စစ်ရှောင်မိသားစုများထံသို့ သွားရောက်လှူဒါန်း

ဖားကန့်၊၂၈.၅.၂၀၁၈

ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲ ကျင်းပ

လူငယ်ညီလာခံအကြို ကချင်ပြည်နယ် လူငယ်နှီးနှောဖလှယ်ပွဲကို (၂၄-၅- ၂၀၁၈) ရက်နေ့ နံနက် (၉) နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဗဟိုအလုပ်အမှုဆောင်၊ လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးရားဝမ်ဂျုံ ၊ ပြည်နယ်နာယက ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ လူငယ်ကိုယ်စားလှယ်များ စုစုပေါင်း (၄၀၀) ဦးကျော် တက်ရောက်ခဲ့ပါသည်။ လူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို ယနေ့နှင့်မေလ (၂၅) ရက်ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ ခရိုင်မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

ဗန်းမော်၊ မေ ၂ဝ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦစိုးသိန်းနှင့် ဗဟိုကော်မတီဝင် ဗဟိုပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးတင်မြင့်လှိုင်တို့သည် ယခုလ ၁၈ ရက်မွန်းလွဲ ၁ နာရီက ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ဗန်းမော်ခရိုင်ရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီ၊ ရွှေကူမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့ကြသည်။

ဗဟိုလူငယ်ညီလာခံကို ကြိုဆိုထောက်ခံသောအားဖြင့် ဗန်းမော်ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ စေတီတော်တည်ဆောက်ရေး လုပ်အားဒါနပြု

ဗန်းမော်၊ မေ ၁၇

မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကြက်ခြေနီအသင်းခွဲအား အလှူငွေကျပ် ၃ဝဝဝဝပေးအပ်လှူဒါန်း

 

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီ က ကချင်ပြည်နယ် ဗန်းမော်မြို့ အထက(၃)မြညီလာခန်းမ၌ကျင်းပ ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ နာယကဂုဏ်ထူးဆောင် ဥက္ကဋ္ဌဦးမြင့်ဆွေ၊ မြို့နယ်ကြက်ခြေ နီအသင်းခွဲ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ကြက် ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသက်ဝင်း၊ ကော်မတီဝင်ဦးမင်းသွင်နှင့်စုစုပေါင်း ၁၂၄ ဦးတက်ရောက်ခဲ့ကြသည်။

ကြက်ခြေနီအသင်းခွဲအတွက်ငွေလှူဒါန်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းအောင်က မြို့နယ်ကြက်ခြေနီ အသင်းခွဲအတွက် အလှူငွေများကို မေ ၆ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်လှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အိမ်တွင်းလက်မှုပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈)ဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက်မှု ပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လီဒိုလမ်းဘေးနယ်မြေဒွန်ဘန်ကျေး ရွာအုပ်စုပါတီရုံး၌ ကျင်းပသည်။

ကာမိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ဖွင့်လှစ်သည့် အိမ်တွင်းလက်မှုပညာသင်တန်းဆင်း

ဖားကန့်၊ မေ ၆       

ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ သင်တန်းကာလ သုံးရက်ကြာဖွင့်လှစ်ခဲ့ သည့် အိမ်တွင်းလက်မှုပညာသင်တန်း အမှတ်စဉ် (၂/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲသို့ ကာမိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်၊ မြို့နယ် ပါတီကော်မတီဝင်နယ်မြေတာဝန်ခံ ဦးကျော်မျိုးဦးနှင့် အရန်ကော်မတီဝင် ဦးနော်ဂျာ၊ ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်က အမှာစကားပြောကြားပြီး သင်တန်းသူများပြုလုပ်ထားသည့် အိမ်တွင်း လက်မှုပစ္စည်းများကို ကြည့်ရှုအားပေးကာ အမှတ်တရဓာတ်ပုံများ စုပေါင်းရိုက်ကြသည်။

ကာမိုင်းမြို့ မီးဘေးသင့် မိသားစုဝင်များအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေပေးအပ်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ မီးဘေးသင့် မိသားစု ဝင်များအား ကာမိုင်း ပြည်ခိုင်ဖြိုး ပါတီမှ ထောက်ပံ့ငွေပေးအပ်ခဲ့ သည်။