ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အိမ်တွင်းလက်မှုပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈)ဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက်မှု ပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လီဒိုလမ်းဘေးနယ်မြေဒွန်ဘန်ကျေး ရွာအုပ်စုပါတီရုံး၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌဦးအင်ဖရောင်းဂမ်၊ ကော်မတီဝင်(နယ်မြေတာဝန်ခံ) ဦးဂမ်ရိန်နှင့် ဦးမင်းမင်း၊ နယ်မြေ အတွင်းရှိ ကျေးရွာအုပ်စုငါးခုမှ ပါတီကော်မတီဥက္ကဋ္ဌများ၊ ပါတီ အမျိုးသမီရေးရာအဖွဲ့ဝင်များ၊ သင် တန်းနည်းပြများနှင့် သင်တန်းသူ များတက်ရောက်ကြပြီး မြို့နယ် ပါတီကော်မတီဥက္ကဋ္ဌက အိမ်တွင်း လက်မှုပညာသင်တန်း၊အခြေခံသိုင်း သင်တန်းအပါအဝင် သင်တန်းများ စဉ်ဆက်မပြတ် စီစဉ်ဖွင့်လှစ်ပေးရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားသည်။

သင်တန်းကာလ သုံးရက်ကြာ ဖွင့်လှစ်မည့် ယခုသင်တန်းသို့ သင် တန်းသူ ၂၁ ဦးတက်ရောက်ကြ ပြီး သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈) ကို ဖားကန့်မြို့ရှိ မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယခုလ ၁၄ ရက်မှ ၁၆ ရက်အထိ ဆက်လက်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း