ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

လွိုင်ကော် – သြဂုတ် ၉

ယနေ့ ၉-၈-၂၀၁၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ နေ့လည် (၁း၀၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန်လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယက ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးမော်ရယ်၊ ဦးဌေးရယ်၊ ဦးရဲဝင်း၊ ဦးအောင်နိုင်ဦး၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်နန်းယဉ်သီတာထွေးနှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သတင်းရှိရသည်။