မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ မိဘပြည်သူများနှင့် တွေ့ဆုံ

 

မိုးညှင်း။‌အောက်တိုဘာ

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်‌ လောင်း ဦးစိန်ဝင်းထွန်း အမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ဦးစိုးဝင်း မြို့နယ်ကော်မတီဝင် ဦးခိုင်ဇော်ထွန်း ဦးဇော်ဝင်း ဦးစံကျော် ‌ဒေါ်စန်းဝင်း လူငယ် (ဒု) ခေါင်းဆောင်မစိုးဟေမာ၊ မဝေဝေအောင် နှင့်ရပ်ကျေး ပါတီကော်မတီများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ နေ့လည် (၂) နာရီအထိ ရွာသစ်ကုန်းအုပ်စု ထန်းတပင်‌ကျေးရွာ ‌နောင်စွန်းရပ်ကွက်ရှိ‌ မိဘပြည်သူများထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး မဲ့ထည့်ပုံ မဲထည့်နည်းနည်း စနစ်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံပါဗွီနိုင်းပိုစတာကို မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာ၌ စုပေါင်းစိုက်ထူ

 

မိုးကောင်း အောက်တိုဘာ

နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးသိန်းစိန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စား လှယ်လောင်းများနှင့် ဗမာတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများ ပါဝင်သည့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗွီနိုင်းပိုစတာကို ယမန်နေ့ နံနက်ပိုင်းက ရေရှင်ကျေးရွာအုပ်စု လေးမိုင်ကျေးရွာ၌ စုပေါင်းစိုက်ထူ ခဲ့ကြသည်။

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

ဖားကန့်မြို့။ အောက်တိုဘာလ

ဖားကန့်မြိုနယ်၊ မရှိကထောင်ရပ်ကွက်၊ ဖားကန့် ကျောက်စိမ်းတောင် တံတားထိပ် လွှတ်တော်ကိုယ်စားလှယ် လောင်း၏ (၄)ဦး အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ အခမ်းနားကို ယမနျ‌နေ့ နံနက် (၉:၀၀) အချိန်တွင် ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းသိန်းထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘရန်ဆိုင်း၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) ဦးအင်ဖရောင်းဂမ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးမြအုန်း တိုပါဝင်ခဲ့ပြီး၊ ပြည်ခိုင်ခိုင်ဖြိုး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးထွန်းမြင့်၊ မြိုနယ်ပါတီ အလုပ်အမှုဆောင်များ၊ ရပ်/ကျေးပါတီဥက္ကဌများနှင့် ပါတီဝင်လူငယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ

 

မိုးညှင်း၊ အောက်တိုဘာ ၆ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် (၅) ဦးပါ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီ အချိန်က မိုးညှင်းမြို့ နမီးစု ရပ်ကွက်ရှိ ခရိုင်ပါတီရုံး‌ရှေ့ တွင် စိုက်ထူပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ပါတီအောင်နိုင်ရေးဆိုင်းဘုတ် ကို အောင်သပြေ မွေးနံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူထံမှ သိရသည်။

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းပိုးစတာများ စိုက်ထူ

 

မိုးကောင်း။ အောက်တိုဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းပိုစတာ ဆိုင်းဘုတ်ကို ယမန်နေ့ နံနက်ပိုင်းက မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု မန်ရွက်ကျေးရွာ မီးသွေးကုန်း ကျေးရွာ ရှစ်မိုင်ရွာကဝါးယံ မြို့ဟောင်းများကို ပါတီအောင်နိုင်ရေး ဗီနိုင်းပိုစတာများကို လွှတ်တော်ကိုယ်စားလှယ် လောင်းများမှ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို အောင်သပြေ အမွေးနံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူခဲ့ကြောင်း သတင်းရရှိ ပါသည်။

မိုးကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဌေးကုန်းကျေးရွာ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူ

 

မိုးကောင်း အောက်တိုဘာ  ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဌေးကုန်းကျေးရွာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က  ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို အောင်သပြေ အမွေး နံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူ ခဲ့ကြကြောင်း သတင်းရရှိသည်။ ကိုစိုး (မိုးကောင်း)


ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြည်သူများနှင့် Door To Door ကွင်းဆင်း တွေ့ဆုံ

 

ရွှေကူ အောက်တိုဘာ

ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စား လှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်း ဘုတ်တင်

 

ရွှေကူ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်ရွှေကူမြို့နယ် တုံးပုံကျေးရွာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါဗွီနိုင်းဆိုင်းဘုတ်တင်ပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲက တုံးပုံကျေးရွာ ဦးဆန်းမြင့်ဦး၏ နေအိမ် ရှေ့၌ ကျင်းပခဲ့ရာ ပြည်နယ်မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်ဦးနှင့် ဦးမြင့်အောင်၊ ကျေးရွာပါတီဝင် ၃၅ ဦး ပါဝင်တက်ရောက် ခဲ့ကြသည်။

ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လဝါးကျေးရွာလမ်းဆုံ၌ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် စိုက်ထူ

 

ဖားကန့် စက်တင်ဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီမံဆောင်ရွက် မှုဖြင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယမန်နေ့ နံနက်ပိုင်းက လဝါး ကျေးရွာလမ်းဆုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။