ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စား လှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်း ဘုတ်တင်

 

ရွှေကူ စက်တင်ဘာ ၂၅

ကချင်ပြည်နယ်ရွှေကူမြို့နယ် တုံးပုံကျေးရွာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါဗွီနိုင်းဆိုင်းဘုတ်တင်ပွဲကို စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီခွဲက တုံးပုံကျေးရွာ ဦးဆန်းမြင့်ဦး၏ နေအိမ် ရှေ့၌ ကျင်းပခဲ့ရာ ပြည်နယ်မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးအောင်ကျော်ဦးနှင့် ဦးမြင့်အောင်၊ ကျေးရွာပါတီဝင် ၃၅ ဦး ပါဝင်တက်ရောက် ခဲ့ကြသည်။

ထိုနောက်တုံးပုံကျေးရွာ ပါတီဥက္ကဋ္ဌ ဦးဖိုးပြူးနေအိမ်တွင် ပါတီဝင်များနှင့် တွေ့ဆုံပြီး ဦးသန်းထိုက်က မိမိပါတီ အောင်နိုင်ရေးကိစ္စရပ်များ ရှင်းလင်းပြောကြား၍ စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေးအတွက် လက်တွေ့ ရှင်းလင်းပြသပြီး ဦးအောင်ကျော်ဦးက မိမိပါတီ၏မူဝါဒများ ပြည်သူအတွက် အာမခံ ချက် (၁၁) ချက်ကို အသေးစိတ် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။