ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပြည်သူများနှင့် Door To Door ကွင်းဆင်း တွေ့ဆုံ

 

ရွှေကူ အောက်တိုဘာ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်မင်း၊ ပြည်နယ် မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သန်းဦး၊ ပြည်နယ်မဲဆန္ဒနယ် (၂) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်တို့သည် မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်လူငယ်ရေးရာ အဖွဲ့ဝင်များ၊ အမှတ် (၁) ရပ်ကွက်မှ ပါတီကော်မတီဝင်များ၊ ပါတီဝန်းရံအဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့ နံနက် ၈ နာရီမှ ၁၁နာရီ မိနစ်၂ဝ အထိတွင် အမှတ် (၁) ရပ ကွက်၌လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ အမှတ် (၂) ရပ်ကွက်၌ လည်းကောင်း Door To Door ကွင်းဆင်းဆောင်ရွက်၍ ပြည်သူများအား ပန်းဖလက်များ ဖြန့်ဝေခြင်း၊ မဲပေးပုံအဆင့်ဆင့် ကိုရှင်းပြခြင်း၊မဲ တံဆိပ်နှိပ်ပုံတို့ကို လက်တွေ့ရှင်းလင်း ပြသခဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ