မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူ

 

မိုးညှင်း၊ အောက်တိုဘာ ၆ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် (၅) ဦးပါ အောင်နိုင်ရေး ဆိုင်းဘုတ်ကို ယမန္ေန႔ နံနက်ပိုင်း ၉ နာရီ အချိန်က မိုးညှင်းမြို့ နမီးစု ရပ်ကွက်ရှိ ခရိုင်ပါတီရုံး‌ရှေ့ တွင် စိုက်ထူပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ ပါတီအောင်နိုင်ရေးဆိုင်းဘုတ် ကို အောင်သပြေ မွေးနံ့သာများ ပက်ဖျန်း၍ အောင်မြင်စွာ စိုက်ထူခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူထံမှ သိရသည်။

” ယခုလို အောင်နိုင်ရေးဆိုင်းဘုတ်ကို သူများမြို့နယ်တွေထက် နောက်ကျမှ တင်ရတာကတော့ ကော်မရှင်နှင့် စည်ပင်ရဲ့ ခွင့်ပြုချက်ကို စောင့်နေရလို့ ဒီနေ့မှပဲ စိုက်ထူရတာပါ” ဟုအမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိန်ဝင်းက ပြောသည်။

အဆိုပါ အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူးရာသို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စိုးလေးနှင့် ကိုယ်စားလှယ်လောင်းများ ပါတီဝင်များ ပါဝင်လျက် အင်အား ၅၀ ခန့်ဖြင့် ကိုဗစ်နိုက်တီး စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။

နေကြာ