အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ရွှေညောင်ပင်ရပ်ကွက်တွင် စည်းရုံးဟောပြော

 

၂ဝ၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့က စက်တင်ဘာ ၁၂ရက်တွင် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်၌ မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောခဲ့ကြောင်းသိရသည်။

ဝင်းအောင်(မိုးကောင်း)


ပြည်ခိုင်ဖြိုးပါတီလေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့

 

မိုးညှင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ စီမံညွှန်ကြားမှုဖြင့် မိုးညှင်းခရိုင်ပါတီ အရန် ကော်မတီဝင် ဦးခင်မောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီ ဝင်များ၊ ဟိုပင်ဒေသပါတီတာဝန်ခံ ဦးမြဝင်းနှင့်ကော်မတီဝင်များသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ မှ လေဘေးသင့်နေအိမ် ၁၃ လုံး အတွက် နေအိမ်တစ်လုံးလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် စုပေါင်း ငွေကျပ် ၃၉ဝဝဝဝ ကို သက်ဆိုင် သည့်မိသားစုဝင်များထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဆိပ်မူကျေးရွာအုပ်စုတွင် နိုင်ငံရေးအခြေအနေများဆွေးနွေး

 

မိုးညှင်း စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကော်မတီဝင် ဦးစိုင်းသိန်း ထွန်းနှင့် ဖားကန့်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ်တို့သည် ယမန်နေ့နံနက်ပိုင်းက ဆိပ်မူ ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာနေ ဦးရေခဲနေအိမ်၌ ပါတီဝင်ဟောင်း ၆၃ ဦးတို့အား လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးလှုပ်ရှားဆောင်ရွက်မှုအခြေ အနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြသည်။

ဖားကန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်တွင်းရှိ ပါတီဝင်ဟောင်းများနှင့်တွေ့ဆုံ

 

ဖားကန့် စက်တင်ဘာ ၁၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးအင်ဖရောင်းဂမ်နှင့် မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက မှော်ဝမ်းအုပ်စုအပိုင် ရတနာမြေစာပုံဝန်းကျင်ရှိပါတီဝင်ဟောင်းများအား သွားရောက် တွေ့ဆုံ၍”စဉ်းစားချိန်တန်ပြီ” ခေါင်းစဉ်ဖြင့် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေးအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)


ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ဝိုင်းမော် စက်တင်ဘာ ၁၁

ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီများ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံး၌ ကျင်းပသည်။

ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများအားသွားရောက်တွေ့ဆုံ

 

ဖားကန့် စက်တင်ဘာ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် ဦးစိုင်းသိန်းထွန်းနှင့် ဖားကန့်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးအင်ဖရောင်းဂမ် တို့သည် ယမန်နေ့နံနက်ပိုင်းက ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာနေ ဦးမောင်မြင့်နေအိမ်၌ ပါတီဝင် ဟောင်းများ၊ ပါတီလိုလားသူများ စုစုပေါင်း ၅၅ ဦးတို့အား ရင်းရင်း နှီးနှီး သွားရောက်တွေ့ဆုံကာ ပြည်သူ့အသံ နားထောင်ခြင်း၊ ပြည်သူ့ဆန္ဒ မှတ်သားခြင်းနှင့် လက်ရှိနိုင်ငံရေး အခြေအနေများ နှင့်စပ်လျဉ်း၍ ”စဉ်းစားပြီး ထိုင် မနေနဲ့”ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ စက်တင်ဘာ ၁ဝ

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနား မြို့ ရမ်ပူရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများအား သွား ရောက်တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရသည့်အကြောင်းရင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒများနှင့် ပြည်သူ အပေါ် အမှန်တကယ်ထားရှိသော သဘောထားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းပူဇော်ပွဲ ဆွမ်းဆန်လှူဒါန်း

 

မိုးညှင်း စက်တင်ဘာ ၉

မိုးညှင်းမြို့နယ် ဟိုပင်မြို့ (၁၃)ကြိမ် မြောက် ဝါတွင်းကာလ နေ့စဉ် သံဃာ့ ဒါနပိဏ္ဍပါတ် ဆွမ်းလောင်းလှူပူဇော်ပွဲ အတွက် ဒေသပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ ဆွမ်းဆန်တော်ကိုး အိတ် လှူဒါန်းခဲ့သည်။

ဆွမ်းဆန်တော်အိတ်များ လှူဒါန်းရာ သို့ မိုးညှင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်ဝင်းထွန်း နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီဝင်များ၊ ဟိုပင်ဒေသ ပါတီတာဝန်ခံဦးမြဝင်းနှင့်ကော်မတီဝင် များ၊ရပ်ကွက်ကျေးရွာအုပ်စုပါတီကော်မတီ ဥက္ကဋ္ဌများ၊ပါတီလူငယ်ရေးရာအဖွဲ့ဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့သည်။

ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား စက်တင်ဘာ ၉

ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲတွင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စား ပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၂)မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့ နှင့်အဖွဲ့သည် ယခုလ ၇ ရက် နံနက် ၁ဝ နာရီက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား သွားရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပြည်ခိုင်ဖြိုးပါတီ၏ မူဝါဒများ ရှင်းလင်းဆွေးနွေးခြင်းနှင့် ပါတီအောင်နိုင်ရေး စည်းရုံးဟောပြော ခြင်းများ ဆောင်ရွက်ခဲ့သည်။

၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

 

၂၀၁၈ – ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြုပြီး အရွေးချယ်ခံမည့် ဦးဆီဟူးဒွေ့ သည် အဘ – ဦးချော်ဖာတီနှင့် အမိ – ဒေါ်ခူမာမဲတို့မှ ၂၉ . ၇ . ၁၉၆၈ ရက်နေ့တွင် ပူတာအိုမြို့ နယ် မူလာအွန်ကျေးရွာ ၌ မွေးဖွားခဲ့ပြီး မွေးချင်း (၄) ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။