ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မြစ်ကြီးနား၊ စက်တင်ဘာ ၁ဝ

၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဆီဟူးဒွေ့သည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီတွင် မြစ်ကြီးနား မြို့ ရမ်ပူရပ်ကွက်မှ မဲဆန္ဒရှင်ပြည်သူများအား သွား ရောက်တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရသည့်အကြောင်းရင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒများနှင့် ပြည်သူ အပေါ် အမှန်တကယ်ထားရှိသော သဘောထားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)