ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 

ဝိုင်းမော် စက်တင်ဘာ ၁၁

ဝိုင်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော် မတီနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီများ လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပါတီရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ မြစ်ကြီးနားခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းဖေ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်အောင် နှင့် ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြ ပြီး ပါတီ၏စည်းရုံးလှုပ်ရှားဆောင် ရွက်မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)